KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၅ ခုနှစ်၊ ဇွန်လ (၁၇) ရက်၊ (အင်္ဂါနေ့)
– မိုးဗြဲမှာ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုတွေရှိနေ
– ကျောင်းသားတွေ စာသင်တဲ့နေရာ အသေခံဒရုန်းနဲ့ တိုက်ခိုက်ခံရပြီး နှစ်ဦးထိခိုက်ဒဏ်ရာရ
– စစ်ဘေးသင့်ပြည်သူ လေးသောင်းဝန်းကျင်အတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီကို IEC ဖိတ်ခေါ်
– ဒီးမော့ဆိုမှာ စက်သုံးဆီ တချို့ပြတ်လပ်ပြီး စျေးမြှင့်တက်လာ၊ လူထုတွေ ဝယ်ယူဖို့ခက်ခဲနေ
စတဲ့သတင်းတွေအပါအဝင် ဒေသတွင်းသတင်းတွေနဲ့ မိုးလေဝသ သတင်းတွေကို နားဆင်ရမှာပါ။ အဲဒီနောက်မှာတော့ အပတ်စဉ်တင်ဆက်ပေးနေတဲ့ “လူငယ်အစီအစဉ်” ကိုလည်း ဆက်လက်နားဆင်ရဖို့ရှိပါတယ်ရှင်…။
KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ်ညနေ ၇ နာရီကနေစတင်ပြီး Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းဒီးမော့ဆို နဲ့ဖရူဆိုမြို့နယ်မှာ FM ရေဒီယိုလိုင်း 108 mhz ၊ မယ်စဲမြို့နယ်မှာ 95.9 mhz ထုတ်လွှင့်ပေးနေပါတယ်။