KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၅ ခုနှစ်၊ ဇွန်လ (၂၀) ရက်၊ (သောကြာနေ့)
-လွိုင်ကော်မြို့နေအိမ်တွင်း မိုင်းရှင်းလင်းရေးအတွက် ငွေကြေးပေးရတယ်လို့ ဒေသခံတွေပြော
– ဆီစျေးမြင့်တက်မှုကြောင့် စက်မှုကိုအားထားရတဲ့ တောင်သူတွေ ထွန်ယက်စိုက်ပျိုးဖို့ အခက်တွေ့
ဒီသတင်းတွေအပါအဝင် မိုးလေဝသ ကြိုတင်ခန့်မှန်းချက်တွေကို နားဆင်ကြရမှာပါ။ အဲဒီနောက်မှာတော့ “ရှားတောမြို့နယ်မှာ ရောင်းချပေးနေတဲ့ ကုန်ဈေးနှုန်းသတင်း”နဲ့အတူ “လူထုစာလွှာ” အစီအစဉ်ကိုလည်း တင်ဆက်ပေးသွားပါမယ်။
KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ်ညနေ ၇ နာရီကနေစတင်ပြီး Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းဒီးမော့ဆို နဲ့ဖရူဆိုမြို့နယ်မှာ FM ရေဒီယိုလိုင်း 108 mhz ၊ မယ်စဲမြို့နယ်မှာ 95.9 mhz ထုတ်လွှင့်ပေးနေပါတယ်။