spot_imgspot_imgspot_imgspot_img
Thursday, July 10, 2025
spot_imgspot_imgspot_imgspot_img

KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၅ ခုနှစ်၊ ဇူလိုင် (၈) ရက်၊ (အင်္ဂါနေ့)

KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၅ ခုနှစ်၊ ဇူလိုင် (၈) ရက်၊ (အင်္ဂါနေ့)
– ကရင်နီပြည် ဖရူဆိုမြို့နယ် အနောက်ခြမ်းတစ်နေရာမှာ 7July အောက်မေ့ဖွယ် အခမ်းအနားပြုလုပ်
– ဖယ်ခုံမြို့နယ် စစ်ရှောင်စခန်းတစ်နေရာကို စစ်ကောင်စီ ဗုံးကြဲ၊ မိသားစုဝင် (၃) ဦးသေဆုံးပြီး (၂) ဦးဒဏ်ရာရရှိဟု ကနဦးသိရ
– ဒီးမော့ဆို အရှေ့ဘက်ခြမ်းမှာ မြေဩဇာတွေ စျေးတက်ပေမယ့် စပါးစျေး မရှိတာကြောင့် လယ်ယာစိုက် တောင်သူတွေ အခက်တွေ့နေ
စတဲ့သတင်းတွေအပါအဝင် မိုးလေဝသတင်းနဲ့ ဒေသတွင်းသတင်းတွေကို ကြားကြရမှာပါ။ အဲဒီနောက်မှာတော့ အပတ်စဉ်တင်ဆက်ပေးတဲ့ လူငယ်အစီအစဉ်ကနေပြီး  “ကယန်းအဆိုရှင် ရစ်ချက်ဟန်လင်းနဲ့ တွေ့ဆုံမေးမြန်းခြင်း”ကို နားဆင်ရပါမယ်ရှင်…။

KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ်ညနေ ၇ နာရီကနေစတင်ပြီး Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ   FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းဒီးမော့ဆို နဲ့ဖရူဆိုမြို့နယ်မှာ  FM ရေဒီယိုလိုင်း 108 mhz ၊ မယ်စဲမြို့နယ်မှာ 95.9 mhz  ထုတ်လွှင့်ပေးနေပါတယ်။

spot_img