KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၅ ခုနှစ်၊ ဇူလိုင် (၁၄) ရက်၊ (တနင်္လာနေ့)
– ဒီးမော့ဆိုကနေရာ ၃ခုကို စစ်ကောင်စီ လေကြောင်းဗုံးကြဲ
– ဆိုလစယ် ကျေးရွာ အနီးမှာ အရပ်သား၂ဦးကို စစ်ကောင်စီပစ်ခတ်၊ တစ်ဦးသေဆုံးပြီး တစ်ဦးအဖမ်းခံရ
– ၂၀၂၅ ခုနှစ်အတွင်း အိုဝမ်း(O-1) ဆေးရုံကနေ ကလေးနဲ့ မိခင် ပေါင်း ၁၅၁ ဦးကို ဆေးကုသပေးနိုင်ခဲ့ဟုဆို
စတဲ့သတင်းတွေအပါအဝင် မိုးလေဝသ ကြိုတင်ခန့်မှန်းချက်တွေကို နားဆင်ကြရမှာပါ။ အဲဒီနောက်မှာတော့ တနင်္လာနေ့မှာ တင်ဆက်ပေးနေတဲ့ “အမျိုးသမီး အစီအစဉ်”နဲ့အတူ “လွိုင်ကော်မြို့နယ် အရှေ့ခြမ်းမှာ ရောင်းချပေးနေတဲ့ ကုန်ဈေးနှုန်းသတင်း” ကိုလည်း ထုတ်လွှင့်ပေးသွားပါမယ်။
KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ်ည ၇ နာရီကနေစတင်ပြီး Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းဒီးမော့ဆို နဲ့ဖရူဆိုမြို့နယ်မှာ FM ရေဒီယိုလိုင်း 108 mhz ၊ မယ်စဲမြို့နယ်မှာ 95.9 mhz ထုတ်လွှင့်ပေးနေပါတယ်။