KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၅ ခုနှစ်၊ ဇူလိုင် (၁၅) ရက်၊ (အင်္ဂါနေ့)
– ဖားဆောင်းမြို့တွင်း ကို ရက်တိုင်းနီးပါး စစ်ကောင်စီလေယာဉ်ဗုံးကြဲ
– မော်ချီးဒေသကို စစ်ကောင်စီထပ်မံ ဗုံးကြဲပြီး၊ ပြည်သူ ၆ ဦးထက်မနည်း သေဆုံးခဲ့
– ဒီးမော့ဆို အရှေ့ဘက်ခြမ်းမှာ ဝက်နာကျပြီး သေဆုံးမှု တွေ ရှိနေ
– ဘောလခဲ ၊ ဖားဆောင်း (၄) လတာ တိုက်ပွဲအတွင်း KNDF တပ်ရင်းအမှတ် (၁၅)ရဲ့ ရဲဘော် (၂) ဦး ကျဆုံး ၊ ထိခိုက် ဒဏ်ရာရရှိသူ (၁၃) ရှိ
စတဲ့သတင်းတွေအပါအဝင် ဒေသတွင်းသတင်းတွေနဲ့ အင်္ဂါနေ့မှာ တင်ဆက်ပေးနေတဲ့ “လူငယ်အစီအစဉ်”ကို ကြားကြရဖို့ ရှိပါတယ်။
KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ်ည ၇ နာရီကနေစတင်ပြီး Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းဒီးမော့ဆို နဲ့ဖရူဆိုမြို့နယ်မှာ FM ရေဒီယိုလိုင်း 108 mhz ၊ မယ်စဲမြို့နယ်မှာ 95.9 mhz ထုတ်လွှင့်ပေးနေပါတယ်။