KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၅ ခုနှစ်၊ ဇူလိုင် (၁၆) ရက်၊ (ဗုဒ္ဓဟူးနေ့)
– ဒီးမော့ဆိုမှာ မြေမြုပ်မိုင်းနင်းမိတဲ့ နွားတကောင်သေဆုံး
– စစ်အာဏာသိမ်းကာလ ၄ နှစ်ကျော်အတွင်း နိုင်ငံတဝှမ်း သတ်ဖြတ်ခံရသူ ၇ ထောင်နီးပါးရှိလာ
– နှစ်ရက်ဆိုက်တိုက် မော်ချီးဒေသကို စစ်ကောင်စီရ လေကြောင်းတိုက်ခိုက်မှုပြုလုပ်
စတဲ့သတင်းတွေအပါအဝင် မိုးလေဝသတင်းနဲ့ ဒေသတွင်းသတင်းတွေကို ကြားကြရမှာပါ။ အဲဒီနောက်မှာတော့ အပတ်စဉ်တင်ဆက်ပေးတဲ့ “ကုန်ဈေးနှုန်းသတင်း” နဲ့ သုတအဖြာဖြာအစီအစဉ်ကနေပြီး “အဆုံးစီရင်ခြင်းက အဖြေတခုမဟုတ်ပါ ” ဆိုတဲ့အကြောင်းကို ဆက်လက်နားဆင် ရပါမယ်ရှင်…။
KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ်ည ၇ နာရီကနေစတင်ပြီး Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းဒီးမော့ဆို နဲ့ဖရူဆိုမြို့နယ်မှာ FM ရေဒီယိုလိုင်း 108 mhz ၊ မယ်စဲမြို့နယ်မှာ 95.9 mhz ထုတ်လွှင့်ပေးနေပါတယ်။