spot_imgspot_imgspot_imgspot_img
Thursday, July 24, 2025
spot_imgspot_imgspot_imgspot_img

KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၅ ခုနှစ်၊ ဇူလိုင် (၂၁) ရက်၊ (တနင်္လာနေ့)

KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၅ ခုနှစ်၊ ဇူလိုင် (၂၁) ရက်၊ (တနင်္လာနေ့)
– ဖရူဆိုက အမှတ်၁၄ စစ်လေ့ကျင့်ရေးတပ်ကို စစ်တပ်က ရိက္ခာနဲ့ လက်နက်ခဲယမ်းထပ်မံ ဖြည့်တင်း၊ ဒေသခံလူထုတွေ စိုးရိမ်
– လွိုင်ကော်မြို့အခြေစိုက် အမှတ် (၃၅၆) တပ်ရင်းမှ  တပ်သားတစ်ဦး KNDF B-14 ထံ ဘက်ပြောင်းခိုလှုံလာ
– ကရင်နီပြည်က စာသင်ကျောင်းတစ်ကျောင်းမှာ လေကြောင်းအန္တရယ်နဲ့ မိုင်း၊ ငလျင် အသိပညာပေး သင်တန်းပြုလုပ်
– မိုးဗြဲ-လွိုင်ကော် လမ်းမကြီးတစ်လျှောက် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေဆဲ၊ ပြည်သူများ စစ်ရေး သတိရှိကြဖို့ KNDF ထုတ်ပြန်
စတဲ့သတင်းတွေအပါအဝင် မိုးလေဝသ သတင်းကို နားဆင်ကြရမှာပါ။ အဲဒီနောက်မှာတော့ တနင်္လာနေ့မှာ တင်ဆက်ပေးနေတဲ့ “အမျိုးသမီး အစီအစဉ်”နဲ့အတူ၊ “ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းမှာ ရောင်းချပေးနေတဲ့ ကုန်ဈေးနှုန်းသတင်း”ကိုလည်း ထုတ်လွှင့်တင်ဆက်ပေးသွားပါမယ်။

KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ်ည ၇ နာရီကနေစတင်ပြီး Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ   FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းဒီးမော့ဆို နဲ့ဖရူဆိုမြို့နယ်မှာ  FM ရေဒီယိုလိုင်း 108 mhz ၊ မယ်စဲမြို့နယ်မှာ 95.9 mhz  ထုတ်လွှင့်ပေးနေပါတယ်။

spot_img