– အာဏာသိမ်းကာလ ၄ နှစ်ကျော်အတွင်း နိုင်ငံတဝှမ်း သတ်ဖြတ်ခံရသူ (၆၉၇၆) ဦးအထိရှိလာ
– တိုင်ဖွန်းမုန်တိုင်းအဆင့်မှ အားကောင်းသောအပူပိုင်းမုန်တိုင်းအဆင့်သို့လျော့ကျလာပြီလို့ မိုးလေဝသပညာရှင်ဦးဝင်နိုင်ပြော
စတဲ့သတင်းတွေအပါအဝင်
– “ခမောက်ချုပ်တဲ့ လုပ်ငန်း ပျောက်ကွယ်လာမှာကို စိုးရိမ်တဲ့ ဦးနိုးအာ” ဆိုတဲ့ဆောင်းပါးနဲ့
မိုးလေဝသတင်းနဲ့ ဒေသတွင်းသတင်းတွေကို ကြားကြရမှာပါ။ အဲဒီနောက်မှာတော့ အပတ်စဉ်တင်ဆက်ပေးတဲ့ လူငယ်အစီအစဉ်ကနေပြီး “ညီမလေး” သီချင်းနဲ့ လူသိများတဲ့ ခွန်းဒေါမိနစ်၊ ခွန်းအာကာထွန်း နဲ့တွေ့ဆုံးမေးမြန်းထားတာကို ဆက်လက်နားဆင်ရပါမယ်ရှင်…။
KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ်ည ၇ နာရီကနေစတင်ပြီး Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းဒီးမော့ဆို နဲ့ဖရူဆိုမြို့နယ်မှာ FM ရေဒီယိုလိုင်း 108 mhz ၊ မယ်စဲမြို့နယ်မှာ 95.9 mhz ထုတ်လွှင့်ပေးနေပါတယ်။