spot_imgspot_imgspot_imgspot_img
Thursday, July 24, 2025
spot_imgspot_imgspot_imgspot_img

KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၅ ခုနှစ်၊ ဇူလိုင် (၂၃) ရက်၊ (ဗုဒ္ဓဟူးနေ့)

KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၅ ခုနှစ်၊ ဇူလိုင် (၂၃) ရက်၊ (ဗုဒ္ဓဟူးနေ့)
– လွိုင်ကော်မြို့တွင်းက ရပ်ကွက်တချို့ ပြန်လာခွင့် စစ်ကောင်စီခွင့်ပြုပြီးနောက် နေအိမ်တွင်းပစ္စည်း ခိုးယူခံရမှုများရှိနေ
– ဒီးမော့ဆို အ‌ရှေ့ခြမ်းက လယ်စပါးခင်းတွေမှာ ခရုနဲ့ စပါးဖျက်ပိုးတွေကျနေ
– စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု နဲ့ ပါတ်သက်ပြီး လေကြောင်းကာကွယ်ရေးသင်တန်းဆရာ ရဲ့ သုံးသပ်ချက်
စတဲ့သတင်းတွေနဲ့အတူ မိုးလေဝသတင်းနဲ့ ဒေသတွင်းသတင်းတွေကို ကြားကြရမှာပါ။ အဲဒီနောက်မှာတော့ အပတ်စဉ်တင်ဆက်ပေးတဲ့ ကုန်ဈေးနှုန်းသတင်းနဲ့ သုတအဖြာဖြာအစီအစဉ်ကနေပြီး “ မိုးရာသီနှင့် မြေမြှုပ်မိုင်း အန္တရာယ်” အကြောင်း ဆက်လက်နားဆင်ရပါမယ်ရှင်…။

KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ်ည ၇ နာရီကနေစတင်ပြီး Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ   FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းဒီးမော့ဆို နဲ့ဖရူဆိုမြို့နယ်မှာ  FM ရေဒီယိုလိုင်း 108 mhz ၊ မယ်စဲမြို့နယ်မှာ 95.9 mhz  ထုတ်လွှင့်ပေးနေပါတယ်။

spot_img