KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၅ ခုနှစ်၊ ဇူလိုင် (၂၄) ရက်၊ (ကြာသပတေးနေ့)
– ဖယ်ခုံအင်း အရှေ့ဖက်ကမ်းက ပိတ်မိနေတဲ့ ပြည်သူဆီကို စစ်ကောင်စီက နေ့စဥ် လက်နက်ကြီး ပစ်ခတ်နေ ၊ ဒေသခံတွေ စိုးရိမ်နေကြ
– စပါးပျိုးပင်တွေအောင်မြင်မှုနည်းပါးတာကြောင် ဖရူဆို နဲ့ ဒီးမော့ဆိုက လယ်သမားတချို အခက်ခဲဖြစ်
စတဲ့သတင်းတွေအပါအဝင် မိုးလေဝသ ကြိုတင်ခန့်မှန်းချက်တွေကို နားဆင်ကြရမှာပါ။ အဲဒီနောက်မှာတော့ “စစ်အုပ်ချုပ်ရေးအောက်က လွိုင်ကော်မြို့…” ဆိုတဲ့အကြောင်းနဲ့အတူ အင်တာဗျူးအစီအစဉ်ကနေပြီး ” နယ်စပ်ဒုက္ခသည်လူထု အလုပ်အကိုင်အခွင့်အလမ်းရရှိရေး တက်ကြွလှုပ်ရှားတဲ့အဖွဲ့တွေ ထိုင်းအစိုးရကို တောင်းဆိုတာနဲ့ ပတ်သက်ပြီး တက်ကြွလှုပ်ရှာသူတဦးနဲ့ တွေ့ဆုံမေးမြန်းခြင်း”ကိုလည်း ကြားကြရဖို့ ရှိပါတယ်။
KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ်ည ၇ နာရီကနေစတင်ပြီး Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းဒီးမော့ဆို နဲ့ဖရူဆိုမြို့နယ်မှာ FM ရေဒီယိုလိုင်း 108 mhz ၊ မယ်စဲမြို့နယ်မှာ 95.9 mhz ထုတ်လွှင့်ပေးနေပါတယ်။