KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၅ ခုနှစ်၊ ဇူလိုင် (၂၈) ရက်၊ (တနင်္လာနေ့)
– စစ်ကောင်စီ စစ်ကြောင်းကြောင့် စပါးခင်းတွေ မရင့်မှည့်သေးပေမယ့် တောင်သူတွေ ရိတ်သိမ်းနေရ
– ၂၀၂၅ ခုနှစ်အတွက် တက္ကသိုလ်ဝင်တန်းအောင်ချက် ၄၈ ရာခိုင်နှုန်း ရှိတယ်လို့ စစ်ကောင်စီထုတ်ပြန်၊ ကရင်နီမှ အောင်မြင်သူ ၆၈ ဦး ပါဝင်
– အရပ်သားတွေကို တိုက်ခိုက်မှု ဆက်တိုက်လုပ်ဆောင်လာတာက စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ နည်းဗျူဟာတစ်ခုဖြစ်တယ်လို့ KNDF ပြော
စတဲ့သတင်းတွေအပါအဝင် မိုးလေဝသ သတင်းတွေကို နားဆင်ကြရမှာပါ။ အဲဒီနောက်မှာတော့ တနင်္လာနေ့မှာ တင်ဆက်ပေးနေတဲ့ “အမျိုးသမီး အစီအစဉ်” နဲ့အတူ “ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်း ပဆေးလာဈေးတန်းမှာ ရောင်းချပေးနေတဲ့ ကုန်ဈေးနှုန်းသတင်း”ကိုလည်း ကြားကြရဖို့ ရှိပါတယ်။
KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ်ည ၇ နာရီကနေစတင်ပြီး Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းဒီးမော့ဆို နဲ့ဖရူဆိုမြို့နယ်မှာ FM ရေဒီယိုလိုင်း 108 mhz ၊ မယ်စဲမြို့နယ်မှာ 95.9 mhz ထုတ်လွှင့်ပေးနေပါတယ်။