spot_imgspot_imgspot_imgspot_img
Saturday, August 2, 2025
spot_imgspot_imgspot_imgspot_img

KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၅ ခုနှစ်၊ ဇူလိုင် (၃၀) ရက်၊ (ဗုဒ္ဓဟူးနေ့)

KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၅ ခုနှစ်၊ ဇူလိုင် (၃၀) ရက်၊ (ဗုဒ္ဓဟူးနေ့)
– ဆီဆိုင်မြို့နယ်အတွင်းက စစ်ရှောင်လူထုတွေဟာ စားနပ်ရိက္ခာနဲ့ အမိုးအကာတွေ လိုအပ်နေကြဆဲ
– နန်းမယ်ခုံမြို့ပေါ်က ဒေသခံတွေ နဲ့ ဖယ်ခုံအရှေ့ဘက်ကမ်းက ဒေသခံတွေ အပါအဝင် စစ်ရှောင်ဦးရေ တစ်သောင်းတစ်ထောင်ဝန်းကျင်ကို ဘေးလွတ်ရာကို ရွေ့ပြောင်းထား
– ဒီးမော့ဆိုအရှေ့ဘက်ခြမ်းက ကျေးရွာတချို့မှာ နွားတွေ အရေပြား အကျိတ်ဖု ရောဂါ ဖြစ်ပွားပြီး သေဆုံးမှု ရှိနေ
– ဒီးမော့ဆိုက စစ်ရှောင်တခုမှာ ၁၀ ရက်သား အမွှာနှစ်ဦး သေဆုံး
စတဲ့သတင်းတွေနဲ့အတူ မိုးလေဝသတင်းနဲ့ ဒေသတွင်းသတင်းတွေကို ကြားကြရမှာပါ။ အဲဒီနောက်မှာတော့ အပတ်စဉ်တင်ဆက်ပေးတဲ့ “ကုန်ဈေးနှုန်းသတင်း” နဲ့ “သုတအဖြာဖြာအစီအစဉ်” ကို ဆက်လက်နားဆင် ရပါမယ်ရှင်…။

KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ်ည ၇ နာရီကနေစတင်ပြီး Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ   FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းဒီးမော့ဆို နဲ့ဖရူဆိုမြို့နယ်မှာ  FM ရေဒီယိုလိုင်း 108 mhz ၊ မယ်စဲမြို့နယ်မှာ 95.9 mhz  ထုတ်လွှင့်ပေးနေပါတယ်။

spot_img