KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၁)ရက်၊ (သောကြာနေ့)
– စစ်ကောင်စီရဲ့ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရဲ့ ဗဟိုအကြံပေးအဖွဲ့မှာ ကရင်နီမှ ဦးပိုးရယ်အောင်သိန်း နှင့် ဦးစောဒန်နီယယ် ပါဝင်
– ကရင်နီက မြို့နယ် ၃ ခု အပါအဝင် ၆၃ မြို့နယ်ကို အရေးပေါ်အခြေအနေအဖြစ် စစ်ကောင်စီကြေညာ
စတဲ့သတင်းတွေအပါအဝင် မိုးလေဝသ ကြိုတင်ခန့်မှန်းတွေကို နားဆင်ကြရမှာပါ။ အဲဒီနောက်မှာတော့ “လူထုစာလွှာ” အစီအစဉ်နဲ့အတူ “ဖယ်ခုံမြို့နယ် ပီကင်းဈေးမှာ ရောင်းချပေးနေတဲ့ ကုန်ဈေးနှုန်းသတင်း”ကိုလည်း ကြားကြရဖို့ ရှိပါတယ်။
KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ်ည ၇ နာရီကနေစတင်ပြီး Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းဒီးမော့ဆို နဲ့ဖရူဆိုမြို့နယ်မှာ FM ရေဒီယိုလိုင်း 108 mhz ၊ မယ်စဲမြို့နယ်မှာ 95.9 mhz ထုတ်လွှင့်ပေးနေပါတယ်။