spot_imgspot_imgspot_imgspot_img
Thursday, August 28, 2025
spot_imgspot_imgspot_imgspot_img

KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၂၇) ရက်၊ (ဗုဒ္ဓဟူးနေ့)

KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ  (၂၇) ရက်၊ (ဗုဒ္ဓဟူးနေ့)
– စစ်ကော်မရှင်တပ်ရဲ့ အဆက်မပြတ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် လူမှုကူညီရေး ကားတစ်စီး ထိမှန်ပျက်စီး
– ထိုင်းအစိုးရက  မြန်မာနယ်စပ်ဒုက္ခသည်တွေကို စက်မှုလုပ်ငန်းအပါအဝင် အလုပ်ရှစ်မျိုး တရားဝင်ခွင့်ပြုမည်
– ကယန်းအမျိုးသားတက္ကသိုလ် ၊ ပညာရေးမဟာဌာန မှ ဒုတိယအကြိမ် ပညာရေးဒီပလိုမာသင်တန်း ခေါ်ယူ
– ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင်က ကယန်းသာယာကျေးရွာမှာ ဆယ်စုနှစ်အတွင်း အကြီးမားဆုံးရေကြီးမှုနဲ့ကြုံ စတဲ့သတင်းတွေ အပါအဝင်
မိုးလေဝသတင်း၊ ဒေသတွင်းသတင်းနဲ့ နိုင်ငံတကာသတင်းတွေကို  ကြားကြရမှာပါ။ အဲဒီနောက်မှာတော့ အပတ်စဉ်တင်ဆက်ပေးတဲ့ ကုန်ဈေးနှုန်းသတင်းနဲ့ သုတအဖြာဖြာအစီစဉ်ကနေ “ပဋိပက္ခနဲ့ အကျပ်အတည်း ကာလမှာ မိမိရဲ့ ကလေးတွေကို စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့တွေ ဘယ်လို ပေးမှာလဲ” ဆိုတဲ့အကြောင်း ဆက်လက်နားဆင်ကြရဖို့ရှိပါတယ်။

KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ်ည ၇ နာရီကနေစတင်ပြီး Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ   FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းဒီးမော့ဆို နဲ့ဖရူဆိုမြို့နယ်မှာ  FM ရေဒီယိုလိုင်း 108 mhz ၊ မယ်စဲမြို့နယ်မှာ 95.9 mhz  ထုတ်လွှင့်ပေးနေပါတယ်။

spot_img