KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၂၉) ရက်၊ (သောကြာနေ့)
– လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားတဲ့ ဗန်းမောက်ကျေးရွာ စာသင်ကျောင်းအတွက် အရေးပေါ် အမိုးအကာ လိုအပ်
– ထိုင်းအစိုးရက ပေးတဲ့အခွင့်အလမ်းက နယ်စပ်ဒုက္ခသည်တွေကို ဂုဏ်သိက္ခာမြင့်တင်ပေးတဲ့ ဗျူဟာမြောက်ပြီး ပူးပေါင်းဆောင်ရွက်သွားမယ်လို့ IEC ပြော
ဆိုတဲ့သတင်းတွေအပါအဝင် မိုးလေဝသ ကြိုတင်ခန့်မှန်းချက်တွေ၊ “ဖယ်ခုံမြို့နယ် ပီကင်းဈေးမှာ ရောင်းချပေးနေတဲ့ ကုန်ဈေးနှုန်းသတင်း” ကိုလည်း နားဆင်ကြရဖို့ ရှိပါတယ်။ အဲဒီနောက်မှာတော့ “ ရွေးကောက်ပွဲကြောင့် စစ်ကော်မရှင်တပ်တွေ ထိုးစစ်ပိုပြင်းလာနိုင်မလား” ဆိုတဲ့အကြောင်းကိုလည်း ထုတ်လွှင့်ပေးသွားပါမယ်။
KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ်ည ၇ နာရီကနေစတင်ပြီး Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းဒီးမော့ဆို နဲ့ဖရူဆိုမြို့နယ်မှာ FM ရေဒီယိုလိုင်း 108 mhz ၊ မယ်စဲမြို့နယ်မှာ 95.9 mhz ထုတ်လွှင့်ပေးနေပါတယ်။