KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၁) ရက်၊ (တနင်္လာနေ့)
– စစ်ရှောင်စခန်းတစ်နေရာကို Y-12 လေယာဥ်ဖြင့် ဗုံးကြဲမှုကြောင့် ကလေးငယ်အပါဝင် သုံးဦး ထိခိုက်ဒဏ်ရာရ
– ငွေတောင်ရွာသစ် တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၁၅ ဦးထက်မနည်း သေဆုံး၊ တော်လှန်ရေးတပ်ပေါင်းစုက လက်နက်တချို့ သိမ်းဆည်းရမိ
– လွိုင်ကော်မြို့တွင်းက ဘီလူးချောင်းရေမြင့်တက်လာမှုကြောင့် မြို့ခံတချို့ ရွေ့ပြောင်းရ
ဆိုတဲ့သတင်းတွေအပါအဝင် မိုးလေဝသ ကြိုတင်ခန့်မှန်းချက်တွေနဲ့ အပတ်စဉ်တနင်္လာနေ့မှာ ထုတ်လွှင့်ပေးနေတဲ့ “အမျိုးသမီး အစီအစဉ်”ကို နားဆင်ကြရမှာပါ။ အဲဒီနောက်မှာတော့ “ဖရူဆိုမြို့နယ် အနောက်ခြမ်းမှာ ရောင်းချပေးနေတဲ့ ကုန်ဈေးနှုန်းသတင်း”ကိုလည်း ကြားကြရမှာပါ။
KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ်ည ၇ နာရီကနေစတင်ပြီး Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းဒီးမော့ဆို နဲ့ဖရူဆိုမြို့နယ်မှာ FM ရေဒီယိုလိုင်း 108 mhz ၊ မယ်စဲမြို့နယ်မှာ 95.9 mhz ထုတ်လွှင့်ပေးနေပါတယ်။