spot_imgspot_imgspot_imgspot_img
Friday, September 19, 2025
spot_imgspot_imgspot_imgspot_img

KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၁၆) ရက်၊ (အင်္ဂါနေ့)

KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ  (၁၆) ရက်၊ (အင်္ဂါနေ့)
– တိမ်းရှောင်နေထိုင်ရတဲ့ စစ်ဘေးရှောင်တွေ နေ့စားအလုပ်ကနေ ဝမ်းရေးဖြေရှင်းနေကြ
– ဒီးမော့ဆိုမြို့နယ်မှာ ၉ တန်း ကျောင်းသူ နှစ်ဦး ရေနစ် သေဆုံး
စတဲ့သတင်းတွေအပါအဝင် မိုးလေဝသတင်း၊
– ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းမှာ ခိုးမှု များလာတဲ့အပေါ် ဒေသခံတွေရဲ့ စိုးရိမ်မှု စကားသံတွေနဲ့
ဒေသတွင်းသတင်းတွေကို  ကြားကြရမှာပါ။ အဲဒီနောက်မှာတော့ အပတ်စဉ်တင်ဆက်ပေးတဲ့ လူငယ်အစီအစဉ်ကနေပြီး  “ဒဏ်ရာပျောက်ရင် သွေးကြွေးဆပ်ချင်တဲ့ ရဲဘော် (သို့မဟုတ်) ခူးသားဒူ” အကြောင်းကို ဆက်လက်နားဆင် ကြရဖို့ရှိပါတယ်။

KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ်ည ၇ နာရီကနေစတင်ပြီး Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ   FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းဒီးမော့ဆို နဲ့ဖရူဆိုမြို့နယ်မှာ  FM ရေဒီယိုလိုင်း 108 mhz ၊ မယ်စဲမြို့နယ်မှာ 95.9 mhz  ထုတ်လွှင့်ပေးနေပါတယ်။

spot_img