spot_imgspot_imgspot_imgspot_img
Friday, September 19, 2025
spot_imgspot_imgspot_imgspot_img

KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၁၇) ရက်၊ (ဗုဒ္ဓဟူးနေ့)

KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ  (၁၇) ရက်၊ (ဗုဒ္ဓဟူးနေ့)
– ဘောလခဲမြို့ခံတွေကို စစ်ကော်မရှင်က နေရပ်ပြန်ဖို့ ခြိမ်းခြောက်ခေါ်နေပြီး ရွေးကောက်ပွဲအတွက် စည်းရုံးလုပ်ဆောင်နေတာလို့ ဒေသခံတွေပြော
– ဖယ်ခုံစစ်ဘေးရှောင်တွေ စုစည်းနေထိုင်တဲ့ စစ်ရှောင်စခန်းမှာ ဆန်ရိက္ခာ နဲ့ အမိုးအကာလိုအပ်
– လွိုင်ကော်မြို့တွင်းက ပျက်စီးသွားတဲ့နေအိမ်တွေ အတွက် စစ်ကော်မရှင်က ထောက်ပံ့ကြေးပေးပေမယ့် အားလုံးမရစတဲ့သတင်းတွေအပါအဝင် မိုးလေဝသတင်း၊ ဒေသတွင်းသတင်းနဲ့ နိုင်ငံတကာသတင်းတွေကို  ကြားကြရမှာပါ။ အဲဒီနောက်မှာတော့ အပတ်စဉ်တင်ဆက်ပေးတဲ့ သုတအဖြာဖြာ အစီအစဉ်ကနေပြီး  “ မိုးရာသီနှင့် မြေမြှုပ်မိုင်းအန္တရာယ်” အကြောင်းကို ဆက်လက်နားဆင် ကြရဖို့ရှိပါတယ်။

KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ်ည ၇ နာရီကနေစတင်ပြီး Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ   FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းဒီးမော့ဆို နဲ့ဖရူဆိုမြို့နယ်မှာ  FM ရေဒီယိုလိုင်း 108 mhz ၊ မယ်စဲမြို့နယ်မှာ 95.9 mhz  ထုတ်လွှင့်ပေးနေပါတယ်။

spot_img