HomeKT FMKT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၆ ခုနှစ်၊ ဇွန်လ ( ၁ ) ရက်၊ (တနင်္လာနေ့)

KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၆ ခုနှစ်၊ ဇွန်လ ( ၁ ) ရက်၊ (တနင်္လာနေ့)

-

KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၆ ခုနှစ်၊ ဇွန်လ ( ၁ ) ရက်၊ (တနင်္လာနေ့)
– လွိုင်ကော်မြို့၊ ဘီလူးချောင်းမှာ အကြောင်းအမျိုးမျိုးကြောင့် တစ်လအတွင်း ပြည်သူ ၅ ဦး သေဆုံးခဲ့
– ကရင်နီပြည် အပါအဝင် မြန်မာနိုင်ငံ တစ်ဝှမ်းမှာ  ရက်သတ္တပတ်အတွင်း နေရာ အနှံ့အပြား မိုးထစ်ချုန်းရွာနိုင် ၊ လူထုတွေဟာ စိုက်ပျိုးသီးနှံအတွက် မိုးမျှော်နေကြ
– ဖရူဆို၊ ဆီးစလို စစ်ရှောင်စခန်းမှာ ကိုယ်ထူကိုယ်ထကျောင်းမှာ ယခု စာသင်နှစ်အတွက် အမိုးအကာ ကူညီလိုအပ်နေ စတဲ့သတင်း၊ မိုးလေဝသ ကြိုတင်ခန့်မှန်းချက်တွေနဲ့ “ဖရူဆိုမြို့နယ် အရှေ့ခြမ်းမှာ ရောင်းချပေးနေတဲ့ ကုန်ဈေးသတင်း”တွေကို နားဆင်ကြရမှာပါ။ အဲဒီနောက် အပတ်စဉ်တနင်္လာနေ့မှာ တင်ဆက်ပေးနေတဲ့
“အမျိုးသမီးအစီအစဉ်”ကနေ “တော်လှန်ရေးအတွက် ရှင်သန်နေတဲ့ အိမ်ထောင်ရှင်အမျိုးသမီး “မိထော်” နဲ့ တွေ့ဆုံမေးမြန်းခြင်း” ကိုလည်း ထုတ်လွှင့်တင်ဆက်ပေးပါမယ်။

KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ်ည ၇ နာရီကနေစတင်ပြီး Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ   FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်း ဒီးမော့ဆိုနဲ့ ဖရူဆိုမြို့နယ်မှာ FM ရေဒီယိုလိုင်း 108 mhz တို့နဲ့ ထုတ်လွှင့်ပေးနေပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ