KT-FM ကရင်နီဘာသာ အစီအစဉ် အောင်တိုဘာလ (၂၇) ရက်၊ ၂၀၂၆ ခုနှစ်(အင်္ဂါနေ့)
ဒီကနေ့ ထုတ်လွင့်မယ့် သတင်းအကြောင်းအရာတွေကတော့
– ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းကို အာဏာသိမ်းစစ်တပ်က အသေခံဒရုန်းနဲ့ တိုက်ခိုက်မှု ခပ်စိပ်စိပ် ပြုလုပ်လာ
– မိုးဗြဲမြို အနောက်ခြမ်းက တိမ်းရှောင်နေရတဲ့ နေအိမ်နဲ့ ဆိုင်တွေမှာ ပစ္စည်းခိုးယူခံရမှုရှိနေ
– ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းက ကျေးရွာတရွာကို အာဏာသိမ်းစစ်တပ်က အသေခံဒရုန်းနဲ့ တိုက်ခိုက် ဆိုတဲ့သတင်းနဲ့အတူ “ရိတ်သိမ်းရာသီမှာ လုံခြုံရေးနဲ့ စရိတ်ကြီးမြင့်မှုကြား ရုန်းကန်နေရတဲ့ ကရင်နီတောင်သူများ”ဆိုတဲ့ ဆောင်းပါးနဲ့ မိုးလေဝသ သတင်း၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်း ဒေါတဝီဈေးတန်းမှာ ရောင်းချပေးနေတဲ့ ကုန်ဈေးနှုန်းသတင်း၊ ယင်းတလဲဘာသာနှင့် ကယားဘာသာ အစီအစဉ်နဲ့နောက်ဆုံးရ သတင်းများကို ဆက်လက်တင်ပြ ပေးသွားမှာ ဖြစ်ပါတယ်။
KT-FM ကရင်နီဘာသာအစီအစဉ်ကို မနက် ၇း၀၀ မှ ၈းဝဝ ထိ Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုတ်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းမှာ FM ရေဒီယိုလိုင်း 108 mhz ထုတ်လွှင့်ပေးနေပါတယ်။