ကယားပြည်နယ်မှာ ပြည်နယ်အခြေစိုက်ပါတီဖြစ်တဲ့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ (KySDP) ဟာဆိုရင် ပြည်နယ်ရဲ့ မဲဆန္ဒနယ် ၃၄ နေရာအနက် ၈ နေရာမှာ အနိုင်ရရှိခဲ့ပါတယ်။ ဖရူဆိုမြို့နယ်မှာ လွှတ်တော် ၅ နေရာစလုံး အပြတ်အသတ် အနိုင်ရပြီး ရှားတောမြို့နယ်မှာ ၃ နေရာ အနိုင်ရရှိခဲ့တာပါ။
KySDP ဟာဆိုရင် မြို့နယ်အများစုမှာ မနိုင်တဲ့အတွက် အစိုးရကို လွှတ်တော်အပြင်ဘက်ကနေပြီးတော့ အတတ်နိုင်ဆုံး ထိန်းကျောင်းတဲ့လုပ်ငန်းတွေကို ဦးစားပေးလုပ်ဆောင်သွားမယ်လို့လည်း ပြောပါတယ်။