spot_img
Homeမာလ်တီမီဒီယာကရင်နီအမျိုးသား ငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးနီကိုဒေးမို ၏ စျာပနအခမ်းအနား

ကရင်နီအမျိုးသား ငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးနီကိုဒေးမို ၏ စျာပနအခမ်းအနား

-

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီအမျိုးသား ငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုးရေးပါတီ (KNPDP) ဥက္ကဌ ဦးနီကိုဒေးမို (ခ) ဒေးမို ရဲ့ စျာပနအခမ်းအနားကို ဇွန်လ ၁၅ရက်နေ့က ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းတစ်နေရာမှာ ပြုလုပ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၁ ရက်နေ့က ထိုင်းနိုင်ငံ၊ ချင်းမိုင်ဆေးရုံမှာ ၉၆ပါး ရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာ တော့ အသက် ၅၁ နှစ်ရှိပြီဖြစ်ပါတယ်။ KNPDP ဥက္ကဌ ဦးဒေးမိုဟာ ဒီးမော့ဆိုမြို့နယ် တနန်းဥကွိုင်ကျေးရွာမှာ ဖွေးခွားခဲ့ပြီး မွေးချင်း ၉ ကြီးအနက် အကြီးဆုံးသားဖြစ်ပါတယ်။

ဦးဒေးမိုဟာ ၁၉၉၀ခုနှစ်မှာ ကရင်နီပြည်တပ်မတော် (KA) တပ်သားအဖြစ် တာဝန်ထမ်းဆောင်ပြီး သူရဲ့ တော်လှန်ရေးဘဝကို စတင်ခဲ့တယ်လို့ သိရပါတယ်။

၁၉၉၂ ခုနှစ်မှာ ယာယီတပ်စိတ်မှူးအဖြစ်လည်းကောင်း၊ ၁၉၉၃ ခုနှစ်မှာ ဒေါရောက်ခူမြို့နယ် ဒုမြို့နယ်မူးအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။

ဦးဒေးမို ရဲ့ ဈာပနအခမ်းအနားမှာတော့ အဖွဲ့အစည်းအသီးသီးမှ လာရောက်ဂုဏ်ပြုပေးခြင်း၊ ဝမ်းနည်းကြောင်းသဝဏ်လွာများဖတ်ကြားခြင်း ၊ အဖွဲ့စည်းအသီးသီးမှ လွမ်းသူပန်းခွေချခြင်း၊ စစ်ရေးပြဂုဏ်ပြုခြင်း၊ အမိန့်ပြန်တမ်း ဖတ်ကြားခြင်းများ ပြုလုပ်ခဲ့ကြပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ