Myanmar Radio March 3rd Week

အပတ်စဉ် တင်ဆက်နေကျ တိုင်းရင်းသားဘာသာ ရေဒီယို အစီအစဉ် (မြန်မာ)
(ဗုဒ္ဓဟူးနေ့ ည ၇ နာရီတိုင်း)
ဒီတစ်ပတ်မှာတော့ သံလွင်မြစ်ပေါ် ရေတာတည်ဆောက်ခြင်းအလိုမရှိ အရပ်ဖက်အဖွဲ့များကမ်ပိန်းပြုလုပ်ခဲ့ကြတယ် ဆိုတဲ့ သတင်း၊ ထိုင်းနယ်စပ်ဘက် မလိုအပ်ဘဲသွားလာသူ တားမြစ်သွားမည်ဟု KNPP က ထုတ်ပြန်လိုက်တဲ့သတင်၊ “အလင်းအောက်က အမှောင်ထုကြီး”ဆိုတဲ့ ဆောင်းလေးလေးတို့အပြင် ကရင်နီ(ကယား)ပြည်နယ်က တေးရေး၊ တေးဆို G San ရေးစပ်သီဆိုထားတဲ့ “အမည်မသိ ကျောင်းသူ”ဆိုတဲ့ သီချင်းလေးကိုလည်း အပတ်စဉ်သီချင်းလက်ဆောင်အဖြစ်နဲ့ ထုတ်လွှင့်တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
အားလုံးပဲ နားဆင်ပေးကြပါအုံး။

Comments

comments

Next Post

ဒေသခံတွေနဲ့ မညှိနှိုင်းပဲ သဘာဝသစ်တော ဆိုင်းဘုတ်စိုက်ထူမှု ဒေသခံနဲ့ သစ်တောဦးစီးဌာနအကြား နားလည်မှုလွဲ

Thu Mar 19 , 2020
စိုးထိုက်အောင် ဒေသခံတွေကိုအသိမပေးဘဲ ပြည်နယ်အစိုးရအစီအစဉ်နဲ့ သစ်တောဦးစီးဌာနက သဘာဝတောများပိုမိုကောင်းမွန်စေရန် ပြုစုထိန်းသိမ်းခြင်းလုပ်ငန်း (၁၀၀) ဧကအဖြစ်ဆိုင်းဘုတ်ထောင်လိုက်တဲ့ အပေါ်မှာ ဒေသခံတွေ မကျေမနပ်ဖြစ်နေကြပါတယ်။ ဒေသခံတွေကတော့ ဆိုင်းဘုတ်မှာ လောကျေခူ ကျေးရွာရဲ့ အစုအဖွဲ့ ပိုင်သစ်တောအဖြစ် ရေးသားစေလိုပေမဲ့ လာထောင်တဲ့ ဆိုင်းဘုတ်မှာ ကျေးရွာပိုင်ကြောင်း မပါလာပါဘူး။ “ ဒီဆိုင်းဘုတ်နဲ့ပတ်သတ်ပြီးတော့ အစကတည်းက ကျတော်သူ့ကိုပြောတယ်။ ဒီဆိုင်းဘုတ်ကို ကျတော်တို့ကို လောကျေးခူ ကျေးရွာပိုင်၊ အစုအဖွဲ့ပိုင်သစ်တောနဲ့သိစေချင်တာပေါ့နော်။ ကျတော်သူ့ကိုပြောတယ် ရတယ်ထည့်ပေးမယ်တဲ့။ ဆိုင်းဘုတ်လာထောင်တဲ့ရက်ကျရင် ပြည်သူလူထုနဲ့ကျတော်တို့ပူးပေါင်းပြီးသွားထောင်မယ်လို့ပြောတယ်။ နောက်အခုက သူသွားထောင်တဲ့ ဆိုင်းဘုတ်လဲ ကျတော်တို့ပြည်သူလူထုကမသိဘူး၊ သွားထောင်တဲ့ နေ့ရက်လဲကျတော်တို့မသိဘူး၊ နောက်အဲ့ဒီဆိုင်းဘုတ်ကိုသွားကြည့်လဲ ကျတော်တို့လောကျေးခူ ကျေးရွာနာမည်လဲမပါဘူး။”လို့ လောကျေးခူကျေးရွာနေ ဦးပကူးက ပြောပါတယ်။ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီးတော့ ဒီးမော့ဆို […]