NCA ထိုးထားတဲ့ လက်နက်ကိုင်အဖွဲ့လည်း ငြိမ်းချမ်းရေးညီလာခံ ရှေ့ဆက်မသွားနိုင်သေး

ကန္တာရဝတီတိုင်း(မ်)

COVID-19 အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါနှင့် ပတ်သက်ပြီး ပြည်သူတွေကြိုတင်သတိပြုကာကွယ်ဖို့ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ (NCA-S EAO) အဖွဲ့ အနေနဲ့ မတ်လ ၂၀ ရက်နေ့က တိုက်တွန်းနှိုးဆော်ထားခဲ့ပါတယ်။

သို့ပေမယ့်လို့လည်း မတ်လ ၂၅ ရက်နေ့မှာ NCA လက်မှတ်ရေးထိုးထားတဲ့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/လျှမ်းပြည်တပ်မတော်(RCSS/SSA) အဖွဲ့နဲ့ အစိုးရစစ်တပ်တို့ ရှမ်းပြည်နယ် မိုင်းတုံမြို့နယ် ထဲမှာတိုက်ပွဲတွေဖြစ်ပွားခဲ့ကြပါသေးတယ်။

ကိုဗစ်ရောဂါကူးစက်ပျံ့နှံမှုကိုတစ်ကမ္ဘာလုံးထိန်းချုပ်ကာကွယ်နေကြရချိန်မှာ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ (NCA-S EAO) အဖွဲ့ တချို့ နဲ့ အစိုးရစစ်တပ်တို့ တိုက်ပွဲတွေဖြစ်နေတာဟာ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ရဲ့ ထုတ်ပြန်ချက်ကို မလိုက်နာတာဖြစ်တယ်လို့ ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်သူတွေက သုံးသပ်ပြောဆိုနေကြပါတယ်။

“လက်ရှိ အခြေအနေမှာ လူသားအရေးကိစ္စနှင့်ပတ်သက်ပြီး အရေးကြီးကာလ ဖြစ်တဲ့အတွက် ကမ္ဘာ့ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်ထဲမှာ စစ်အသုံးစာရိတ်ကို လျော့ချဖို့နဲ့ စစ်ပွဲရပ်ဖို့ ဖော်ပြထားပါတယ်။”လို့ ကရင်နီပြည်နယ် ငြိမ်းချမ်းရေး လေ့လာစောင့်ကြည့်သုံးသပ်သူ မာတီးယာက ပြောပါတယ်။

(NCA-S EAO) အဖွဲ့အနေနဲ့လည်း COVID-19 ရောဂါကူးစက်မှု ထိရောက်စွာကာကွယ်ဖို့ တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲနိုင်ရေး ဖြစ်နိုင်ချေတွေကို ဆွေးနွေးသွားမှာ ဖြစ်ပြီးအစိုးရနဲ့ပူးပေါင်းဆောင်ရွက်နိုင်ရေး ဆွေးနွေးသွားမယ်လို့ ပြီးခဲ့တဲ့ ဧပြီလ ၃ ရက်နေ့က ၎င်းတို့အဖွဲ့ရဲ့ Online Video Conference ပြုလုပ်စဉ် ဗိုလ်မှူးကြီးမိန့်ခွန်းက ပြောဆိုသွားပါတယ်။

အဖွဲ့ ခေါင်းဆောင် ဗိုလ်မှှုးကြီးဦးစိုင်းငင်းက “တစ်ဖက်က Covid 19 ကပ်ရောဂါရဲ့ကူးစက်မှုကို သတိထားကိုင်တွယ်ရမာ ဖြစ်သလို တစ်ဖက်မှာလဲ အရှိန်အဟုန်ရရှိပြီးသားငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် အရှိန်ရပ်တန့်မသွားဖို့ ဂရုပြုဆောင်ရွက်ရမှာဖြစ်ပါတယ်။” လို့ မိန့်ခွန်းထဲမှာ ထည့်ပြောသွားပါတယ်။

(NCA-S EAO)အဖွဲ့တွေကနေပြီး Covid 19 ကပ်ရောဂါကို ကာကွယ်ဖို NCA အကောင်အထည်ဖော်မှု ဆိုင်ရာမူဘောင်ညှိ့နှိုင်းရေးအဖွဲ့အစည်းအဝေး (အဋ္ဌမအကြိမ်) ကို NCA-S EAO ရုံးမှာ Online Video Conference ဖြင့် ကျင်းပပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

မတ််လ (၁၂) ရက်နေ့တွင် နေပြည်တော်၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ၌ ကျင်းပခဲ့သော (၁၈) ကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးမြင်ကွင်းဖြစ်ပါတယ်။ (ဓါတ်ပုံ – NCA-S EAO Facebook)

NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်ညှိ နှိုင်းရေးအဖွဲ့က ဆက်လက်ပြီးတော့လဲ လက်ရှိငြိမ်းချမ်းရေး လုပ်ငန်းစဉ်အခြေအနေ၊ နိုင်ငံရေးနဲ့စစ်ရေး အခင်းအကျင်း၊ ကိုရိုနာဗိုင်းရပ်စ်  ရောဂါအခြေအနေ၊ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ- ၂၁ရာစု ပင်လုံ စတုတ္ထအကြိမ်အစည်းအဝေး ကျင်းပရေးကိစ္စတွေကို ဆက်လက်ဆွေးနွေး ဆောင်ရွက်သွားဖို့ရှိတယ်လို့ ဗိုလ်မှူးကြီးဦးစိုင်းငင်းက ၏ မိန့်ခွန်းပြောကြားချက်ကို ၎င်းတို့ရဲ့ ဝက်ဆိုက်စာမျက်နှာပေါ်ဖော်ပြပါအချက်အရ သိရှိရပါတယ်။

လက်ရှိမှာတော့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ စတုတ္ထအကြိမ် အစည်းအဝေးကိုလည်း ၂၀၂၀ ပြည့်နှစ် နှစ်ဆန်းပိုင်း ပထမ လေးလပတ် ကာလအတွင်း ကျင်းပသွားဖို့ အစပိုင်းက စီစဉ်ထားကြတာဖြစ်ပေမယ့်လို့ အခုလို COVID-19 ကြိုတင်ကာကွယ်တားဆီးရေးအရ ကျင်းပနိုင်ဖို့ ရက်စွဲ မတတ်မှတ်နိုင်သေးဘူးလို့သိရပါတယ်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေလုပ်ဖို့အတွက် လက်ရှိအခြေအနေမှာ မဖြစ်နိုင်သေးဘူးလို့ (၁၈)ကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ-UPDJC၏ ဆွေးနွေးပွဲအပြီး ၎င်းကော်မတီမှ အတွင်းရေးမှူး တစ်ဦးဖြစ်သူ ဆရာရဲဘော်မျိုးဝင်းကလည်း ( NCA-S EAO)ရဲ့ ဖေ့ဘုတ်စာမျက်နှာမှ အင်တာဗျူးဖြေကြားထားချက်အရ သိရပါတယ်။

“ အခုလိုမျိုးကျတော်တို့ဒီ ကိုရိုနာဗိုင်းရပ် ရောဂါဖြစ်လာတဲ့ အခြေအနေအပေါ်မှာ တော့ ကျတော်တို့မူလရည်မှန်းထားတဲ့ ဧပြီလအတွင်းမှာ အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲတွေနဲ့၊ လူထုတွေ့စုံပွဲတွေ၊ ကျတော်တို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအပြီးပြတ်ဆောင်ရွက်မယ်ဆိုတာတော့ လက်တွေ့အခြေအနေအရတော့ ဒီကျန်းမာရေးဝန်ကြီးဌာနရဲ့သတ်မှတ်ချက်အရ၊ တိုက်တွန်းနိုးဆော်မှုအရဆိုရင်တော့ တော်တော်လေးကို ဖြစ်နိုင်မှုအတွက် အလားအလာနည်းပါးတယ်။”လို့ ဆရာရဲဘော်မျိုးဝင်းက ပြောဆိုထားတာဖြစ်ပါတယ်။

(၁၈)ကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ-UPDJC အစည်းအဝေးကို ပြီးခဲ့တဲ့ မတ်လ ၁၂၊ ၁၃ မှာရက်မှာ နေပြည်တော်ရှိ NRPC မှာ ကျင်းပခဲ့ကြတာဖြစ်ပါတယ်။

မတ်လ၁၂ရက်နေ့၂၀၂၀ခုနှစ်က ကကျင်းပခဲ့တဲ့ (၁၈)ကြိမ်မြောက် UPDJC အစည်းဝေးပွဲမှာ UPDJC ဥက္ကဌ ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “UPDJC ရပ်နားထားတဲ့(၂)နှစ်နီးပါးကာလ အတွင်းမှာ အဆင်မသင့်တဲ့ထိတွေ့မှုတွေ၊ ပစ်ခတ်မှုတွေ၊ မိုင်းခွဲတာတွေ အနည်းငယ်ဖြစ်ပေါ်နေခဲ့ပါတယ်။” လို့မိန့်ခွန်းပြောသွားပါတယ်။

UPDJC က အဓိကလုပ်ငန်းစဉ် ၂ ရပ်မှာဒီမိုကရေနှင့် ဖက်ဒရယ်စနစ်တို့ကိုအခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးနှင့် ပြည်တွင်းစစ်ချုပ်ငြိမ်းရေး တို့ဖြစ်တယ်လို့ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ-UPDJC ဒုတိယဥက္ကဋ္ဌ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက လည်း (၁၈)ကြိမ်မြောက် UPDJC အစည်းအဝေးမိန့်ခွန်းမှာ ပြောဆိုသွားပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို မကျင်းပဖြစ်တာ ၂နှစ်နီးပါးကြာမြင့်ခဲ့ပါပြီ။ NLD အစိုးရလက်ထက်မှာ (၂၁)ရာစု ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ကို ၂၀၁၆ သြဂုတ်လ အတွင်းမှာ ပထမအကြိမ် စတင်ဆွေးနွေးခဲ့ကြပြီး (၆)လ တစ်ကြိမ်ကျင်းပဖို့ သတ်မှတ်ခဲ့ကြပေမဲ့လို့ စတုတ္ထအကြိမ်ကိုတော့ ရက်မတတ်မှတ်နိုင်သေးတာဖြစ်ပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကျင်းပဖို့ဆိုရင် လူဦးရေ ၁၀၀၀ ကျော်၊အမျိုးသားနိုင်ငံရေးဆွေးနွေးပွဲ ကျင်းပမယ်ဆိုရင်လဲ လူဦးရေ ၆၀၀ကျော်လောက်ရှိတဲ့ အတွက်ကြောင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေပြုလုပ်ဖို့အတွက် ရက်အတိအကျ သတ်မှတ်ဖို့မဖြစ်နိုင်သေးတာဖြစ်တယ်လို သိရပါတယ်။

Comments

comments

Next Post

Kayaw Radio April 4th Week

Wed Apr 22 , 2020
အပတ်စဉ် တင်ဆက်နေကျ တိုင်းရင်းသားဘာသာ ရေဒီယို အစီအစဉ် (ကယော)(အင်္ဂါနေ့ ည ၇ နာရီတိုင်း)ယခု တစ်ပတ်မှာတော့ Covid-19 ရောဂါနဲ့ပတ်သက်ပြီး ဆောင်ရန်၊ ရှောင်ရန်အကြောင်း၊ ကယားပြည်နယ်အတွင်း ညမထွက်ရ အမိန့်ထုတ်ပြန်လိုက်တဲ့ အကြောင်း၊ COVID-19 ရောဂါ ထိန်းချူပ်ဖို့ နေအိမိ၌သာနေပြီး ပူးပေါင်းပါဝင်ဖို့ ကျန်းမာရေးတာဝန်ရှိသူတွေ တိုက်တွန်းလိုက်တယ် ဆိုတဲ့သတင်းနဲ့ “အတိတ်ကဝေဒနာတွေကိုမေ့ပြီး အေးအေးဆေးဆေးနေခွင့်ရဖို့ မျှော်နေသူ” ဆိုတဲ့ ဆောင်းပါးလေးအပြင် အပတ်စဉ် သီချင်းလက်ဆောင်အနေဖြင့် “He thi doani” ဆိုတဲ့ ကယော သီချင်းကောင်းလေး တစ်ပုဒ်ကို ထုတ်လွှင့် တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ Comments comments