spot_img
21.8 C
Loikaw
Monday 16, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းစစ်ရှောင်စခန်းမှာ စာကြည့်တိုက်ဖွင့်လှစ်ပေးနေပြီး စာအုပ်တွေ လိုအပ်နေသေး

စစ်ရှောင်စခန်းမှာ စာကြည့်တိုက်ဖွင့်လှစ်ပေးနေပြီး စာအုပ်တွေ လိုအပ်နေသေး

-

ကန္တာရဝတီတိုင်း(မ်)

ဒီးမော့ဆို အရှေ့ဖက်ခြမ်း စစ်ရှောင်စခန်းနှစ်နေရာမှာ စစ်ရှောင် ပြည်သူတွေ ဖတ်လို့ရအောင် ” မောလီးရို ” စာကြည့်တိုက် ကို ဖွင့်ပေးနေတယ်လို့ Karenni Students Fellowship “Yangon”(ရန်ကုန်ရောက် ကရင်နီကျောင်းသားများ) မှ တာဝန်ရှိသူ မော်စူးမြာက ဆိုပါတယ်။

” The first duty of revolution is to be educated.လို့ ပြောသလိုပဲ ကျမတို့ ဒီတော်လှန်ရေးကာလမှာ ပညာတတ်ဖို့လိုတယ်ပေါ့နော။ပြီးတော့ ကျမတို့ ဖယ်ဒရယ် လမ်းကြောင်းသွားဖို့ ပြင်ဆင်တဲ့ အခါမှာလည်း ညီမတို့ ဘယ်လောက်ပဲ စစ်ရှောင်ရပါစေ။ ညီမတို့ အခက်အခဲကြုံရပါစေ။သင်ယူရမယ်။ ဗဟုသုတတွေရှာဖွေ သိုမှီးဖို့ လိုအပ်တယ်။ အဓိက စဉ်ဆက်မပြတ် ပညာသင်နိုင်ဖို့က အရေးကြီးတယ်လို့ ကျမတို့ ယူဆတယ်။ အဲ့ကြောင့်မလို့ ကျမတို့ ကလေးတွေကို စာကြီးပဲသင်တာ မဟုတ်ဘဲနဲ့ အားတဲ့ အချိန်မှာလည်း စာအုပ်တွေ ဖတ်လို့ရအောင် ကျမတို့ စာကြည့်တိုက်ကို ဆောက်ထားခြင်းဖြစ်တယ်ပေါ့။ “

လက်ရှိ နိုင်ငံရေး အခြေအနေအရလည်း ပစ္စည်းတွေ သယ်ယူရတဲ့နေရာတွေ၊ ပို့ဆောင်ဆက်သွယ်ရေးတွေမှာ အခက်အခဲတွေ ရှိနေတဲ့အတွက် စာအုပ်တွေ လုံလောက်မှုမရှိသေးဘူးလို့ အခုလို သူကဆက်ပြောပြပါတယ်။

” စာအုပ်တွေလည်း အများကြီးထပ်လိုသေးတယ်ပေါ့နော။ ဒီစစ်ရှောင်စခန်းတွေမှာ လုံလုံလောက်လောက်နဲ့ ဖတ်လို့ရအောင် တခြားဗဟုသုတရှိတဲ့ စာအုပ်တွေလည်း အများကြီးထပ်လိုသေးတယ်ပေါ့နော။ဖြန့်ပေးဖို့ရှိတယ်။ ဒါပေမယ့် အခုအတိုင်းအတာနဲ့ဆိုတော့ လုံလောက်မှုတော့ သိပ်မရှိသေးဘူး။ လိုအပ်ချက်တော့ ထပ်ရှိသေးတယ်လို့ တပ်ပြီးဖြည့်စွက်ပြောချင်ပါတယ်။ “

ကလေးငယ်တွေ အတွက်သာမက လူကြီး၊လူငယ် အသက်အရွယ်မရွေး ဗဟုသုတ ရရှိဖို့ ရည်ရွယ်ပြီး တတ်နိုင်သမျှ စာအုပ်အမျိုးအစားစုံအောင် ထားရှိပေးထားတယ်လို့ သိရပါတယ်။

” မောလီးရို ” ဆိုတာက အာရုံဦးနံနက်ခင်း လို့အဓိပ္ပာယ်ရတာဖြစ်ပါတယ်။
လက်ရှိမှာတော့ ဒီးမော့ဆိုအရှေ့ဖက်က စစ်ရှောင်စခန်းနှစ်ခုမှာ စတင်ဖွင့်လှစ်ပေးနေတာ ဖြစ်ပြီး တစ်ပြည်နယ်လုံးက စစ်ရှောင်နေရာတွေမှာလည်း ဆက်လက်ဖွင့်လှစ်ပေးနိုင်အောင် ကြိုးစားသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ကရင်နီပြည်နယ်မှာ စစ်ဘေးရှောင်ကလေးတွေရဲ့ ပညာရေးအတွက် ကိုယ်ထူကိုယ်ထကျောင်းတွေ ဖွင့်လှစ်ပေးနေတာလည်း ရှိပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ