spot_img
19.1 C
Loikaw
Wednesday 19, November 2025
spot_img
Homeသတင်းဒီးမော့ဆိုမြို့နယ်မှာ အသတ်ခံထားရတဲ့ အသက် ၇၃နှစ်အရွယ် အဘွားတစ်ဦးရဲ့ ရုပ်အလောင်းတွေ့ရှိ

ဒီးမော့ဆိုမြို့နယ်မှာ အသတ်ခံထားရတဲ့ အသက် ၇၃နှစ်အရွယ် အဘွားတစ်ဦးရဲ့ ရုပ်အလောင်းတွေ့ရှိ

-

ကန္တာရဝတီတိုင်း(မ်)

ဒီးမော့ဆိုမြို့နယ်မှာ နှိပ်စက်ပြီး အသတ်ခံထားရတဲ့ အသက်၇၃နှစ်အရွယ် အဘွားတစ်ဦးရဲ့ ရုပ်အလောင်းကို ဧပြီလ ၂၉ရက်နေ့မှာ တွေ့ရှိခဲ့ရတယ်လို့ ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ် ( DMO-PDF ) တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

“ သူတို့ခါကျတော့ ရက်ရက်စက်စက်သတ်ဖြတ်ခြင်းခံရတယ်ပေါ့နော။ ဘာဖြစ်လို့လဲဆိုတော့ သူတို့အိမ်ရှေ့မှာပဲ စစ်သား သူတို့ကို ဆွဲသွားတယ်။ ခြေကုတ်ရာတွေ လက်ကုတ်ရာတွေ တွေ့ရတယ်။ အဲ့တာ သူတို့က ရက်စက်ပြီးတော့မှ ပစ်သတ်တယ်ပေါ့နော။ ပစ်သတ်ထားတဲ့ ရုပ်အလောင်း အဲ့အဒေါ်တစ်ယောက်ပေါ့နော။ သူတို့ခါကျတော့ ပြည်သူလူထုကို ဒီအဒေါ်ခါကျတော့လည်း စစ်ဖြစ်တဲ့အခါတော့လည်း အသက်ကြီးပြီမလို့ စစ်တပ်က ဘားမှမလုပ်ဘူး။ စစ်တပ်ကို ယုံကြည်တဲ့သဘောမျိုးနဲ့ သူတို့က နေကျန်ခဲ့တယ်ပေါ့နော။ ဒါပေမယ့် စစ်သားရောက်လာတော့လည်း နှိပ်စက်တဲ့ မှတ်ချက်တွေကို ကျနော်တို့ တွေ့ရတယ်။” လို့ ( DMO-PDF ) တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ် ( DMO-PDF ) တပ်နဲ့ အလယ်ပိုင်းတိုင်း ( ၁၁၀၂ )တို့ နယ်မြေရှင်းလင်းရေး ပြုလုပ်ရင်း တွေ့ရှိခဲ့တာဖြစ်ပြီး အလောင်းဟာ တစ်လနီးပါးရှိနေပြီလို့ ၎င်းက ဆက်ပြောပါတယ်။ အသတ်ခံရသူမှာ ဒေါ်ရောဇာ( ခ ) မူသူးဖြစ်ပြီး ဧပြီ၃၀ရက်နေ့မှာ သင်္ဂြိုလ်ပေးခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၇ရက်နေ့မှာ ဒီးမော့ဆိုမြို့ စံပြ ၆မိုင်ကျေးရွာအုပ်စု ဇီးဖြူကုန်းရပ်ကွက်မှာ ကျေးရွာသားတွေနဲ့အတူ နယ်မြေရှင်းလင်းရေး ပြုလုပ်ရင်း နေအိမ်တစ်လုံးရဲ့ ရေတွင်းထဲ သေဆုံးနေတဲ့ ရုပ်အလောင်းနှစ်ခုကို KNDF B-09 က ထုတ်ပြန်ထားပါတယ်။

ကရင်နီပြည်မှာ အာဏာသိမ်းပြီးနောက်ပိုင်း အရပ်သားသေဆုံးမှု ၂၅၇ဦးရှိတယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု ( PKPF ) က ဧပြီလ ၂၄ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ -DMO-PDF

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ