spot_img
18.3 C
Loikaw
Wednesday 12, November 2025
spot_img
Homeသတင်းအားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှုကို ဖော်ဆောင်ရန် KNPP၊ KNU နဲ့ CNF တို့ ပူးတွဲ ထုတ်ပြန်ချက်

အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှုကို ဖော်ဆောင်ရန် KNPP၊ KNU နဲ့ CNF တို့ ပူးတွဲ ထုတ်ပြန်ချက်

-

ကန္တာရဝတီတိုင်း(မ်)

စစ်ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်ဆွေးနွေးမှု မှာ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေးကို ဖော်ဆောင်ရန် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP၊ ကရင်အမျိုးသားအစည်းအရုံး KNU၊ ချင်းအမျိုးသားတပ်ဦး CNF တို့က ပူးတွဲ ထုတ်ပြန်လိုက်ပါတယ်။

လက်ရှိနိုင်ငံရေးအခြေအနေအရ ကြုံတွေ့နေရတဲ့ နိုင်ငံရေးအကြပ်အတည်းကို ဖြေရှင်းဖို့ အတွက် ပါဝင်သင့်တဲ့ သူတွေ အားလုံး ပါဝင်ပြီး ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းက ကြားဝင်စေ့စပ်ပေးမှသာ မျှတတဲ့ တွေ့ဆုံဆွေးနွေးရေး စားပွဲဝိုင်းဖြစ်ပေါ်လာမှာဖြစ်ပြီး အဲဒီစားပွဲဝိုင်းကနေတဆင့် ဖယ်ဒရယ် ပြည်ထောင်စုနိုင်ငံတော်ကို တည်ဆောက်သွားနိုင်မယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ ထိုးစစ်ဆင်မှုတွေကို အမြန်ဆုံး ရပ်တန့်ပြီး စစ်ဘေးသင့်ပြည်သူတွေကို လူမှုကူညီရေး အကူအညီတွေကို အမြန်ဆုံး ဖိတ်ခေါ်သွားဖို့လည်း ထုတ်ပြန်ချက်မှာ တောင်းဆိုထားပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ