spot_img
15.9 C
Loikaw
Sunday 14, December 2025
spot_img
Homeသတင်းဒီးမော့ဆိုအရှေ့ခြမ်းတိုက်ပွဲအတွင်းမှာ ကရင်နီ FBRကနေပြီး စစ်သုံ့ပန်းအပါအဝင် ဒဏ်ရာရရှိတဲ့ ရဲဘော်တွေ ကို ဆေးကုသပေးခဲ့

ဒီးမော့ဆိုအရှေ့ခြမ်းတိုက်ပွဲအတွင်းမှာ ကရင်နီ FBRကနေပြီး စစ်သုံ့ပန်းအပါအဝင် ဒဏ်ရာရရှိတဲ့ ရဲဘော်တွေ ကို ဆေးကုသပေးခဲ့

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အရှေ့ဖက်ခြမ်းက တိုက်ပွဲတွေအတွင်းမှာ ကရင်နီ Free Burma Rangers အဖွဲ့ကနေပြီး တိုက်ပွဲအတွင်းဒဏ်ရာရရှိတဲ့ ရဲဘော်တွေ နဲ့ စစ်သုံ့ပန်းတစ်ဦးကိုလည်း ဆေးကုသမှုပေးခဲ့တယ်လို့ ကရင်နီ FBRက ဒီကနေ့ (မေလ ၂၇ရက်) မှာ သတင်းထုတ်ပြန်ပါတယ်။

ဒီးမော့ဆိုအရှေ့ဖက်ခြမ်း ဒေါလျားခူကျေးရွာ အရှေ့ဖက်တောင်ပေါ် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီနဲ့ မေလ (၁၄)ရက်ကနေ (၂၃)ရက်အထိ တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။

တိုက်ပွဲအတွင်း ပူးပေါင်းတပ်ဖက် (၈) ဦးကျဆုံးခဲ့ပြီး စစ်ကောင်စီဖက် ဗိုလ်ကြီးအဆင့်ရှိသူ အပါအဝင် တပ်သား(၄၀) သေဆုံးခဲ့တယ်လို့ KNDFရဲ့ မေလ (၂၄)ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီရဲ့ သုံ့ပန်း နှစ်ဦးကိုလည်း ဖမ်းဆီးရမိခဲ့သလို ဗိုလ်ကြီးအဆင့်ရှိသူအပါအဝင် ထိခိုက်ဒဏ်ရာများပြားခဲ့တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီရဲ့ လက်နက်ခဲယမ်းတွေလည်း ပူးပေါင်းတပ်ဖက် သိမ်းဆည်းရမိခဲ့ပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ