spot_img
24.9 C
Loikaw
Wednesday 10, December 2025
spot_img
Homeသတင်းဖရူဆိုမြို့နယ်အတွင်း စစ်ရှောင်စခန်းတစ်ခုမှာ စာသင်ကျောင်း ပြုပြင်ဖို့အတွက် အမိုးကာ လိုအပ်နေ

ဖရူဆိုမြို့နယ်အတွင်း စစ်ရှောင်စခန်းတစ်ခုမှာ စာသင်ကျောင်း ပြုပြင်ဖို့အတွက် အမိုးကာ လိုအပ်နေ

-

CJ / ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဖရူဆိုမြို့နယ်အတွင်း၊ စစ်ရှောင်စခန်းတစ်ခုမှာ မိုးရာသီကာလအတွင်းမှာပဲ စာသင်ဆောင်အမိုးအကာ ပေါက်ပြဲ၊ ပျက်စီးယိုယွင်းလာတာကြောင့် အသစ်ပြန်လည်ပြုပြင်ရာမှာ အမိုးအကာတွေ အကူအညီလိုအပ်နေတယ်လို့ စစ်ရှောင် လူထု​တွေဆီကနေ သိရပါတယ်။

အဲဒီ စစ်ရှောင်စခန်းဟာ၂၀၂၁ ခုနှစ် နိုဝင်ဘာလကတည်းက ဒေသတွင်း တိုက်ပွဲကြောင့် နေရပ်စွန့်ခွာ စတင်ပြောင်းရွေ့လာကြတာ​ဖြစ်ပြီး၊ လက်ရှိမှာ စစ်ဘေးရှောင် ကာလကြာမြင့်လာတဲ့အတွက် ကိုယ်ထူကိုယ်ထ စာသင်ဆောင်တွေ မကြာခဏ ပျက်စီး၊ ယိုယွင်းလာနေလို့ အမိုးအကာ အကူအညီတွေ​လိုအပ်နေကြတယ်လို့ ဆိုပါတယ်။

ယခင် အိမ်ခြေ ၂၀၀ ကျော်အထိရှိပြီး၊ ထပ်တိုးရောက်လာတဲ့ စစ်ဘေးရှောင်ရှိတဲ့အတွက် တဲအိမ်ဆောက်လုပ်ရာမှာလည်း အမိုးအကာ လိုအပ်သူတွေ ရှိတယ်လို့ ဆိုပါတယ်။ အလှူရှင်ကိုသာ မှီခိုအားထားရတဲ့ စစ်ရှောင်စခန်းတစ်ခုဖြစ်ပြီး လက်ရှိမှာ ကိုယ်ထူကိုယ်စာသင်ဆောင်တွေ ပျက်စီးယိုယွင်းလာလို့ ကလေးငယ်တွေ စာသင်ကြားရာမှာ အခက်အခဲဖြစ်နေတာကြောင့် အရေးတကြီး အသစ်ပြန်လည်ပြုပြင်နေကြရတာဖြစ်ပါတယ်။

အဲ့ဒီီ စစ်ဘေးရှောင်စခန်းတစ်ခုမှာ စစ်ရှောင် လူထု ၈၀၀ ကျော်ရှိပြီး စာသင်ကြားနေတဲ့ ကလေးငယ် လူဦးရေ စုစုပေါင်း ၃၀၀ ကျော် ရှိနေပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ