spot_img
15.9 C
Loikaw
Friday 27, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းKNA က တပ်ရင်း ( ၁၃ ) ရင်း ထိ တိုးချဲ့ဖွဲ့စည်း

KNA က တပ်ရင်း ( ၁၃ ) ရင်း ထိ တိုးချဲ့ဖွဲ့စည်း

-

ကန္တာရဝတီတိုင်း ( မ် )

ကယန်းအမျိုးသားတပ်မတော် ( KNA ) တပ်ကနေ တပ်ရင်း (၁၃) ရင်းအထိ တိုးချဲ့ဖွဲ့စည်းခဲ့ တယ်လို့ KNA ပြောရေးဆိုခွင့်ရှိသူ ခွန်းဆောင်ဒူက ပြောပါတယ်။

ယမန်နေ့ ဇန်နဝါရီလ ၇ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ KNA တပ်ရဲ့ ဗဟိုဌာနချုပ် ရုံးချုပ်ဖွင့်ပွဲအခမ်းအနားမှာ တပ်ရင်း အသစ် တိုးချဲ့ဖွဲ့စည်းခဲ့ကြောင်း ပြောဆိုထားတာပါ။

KNA ကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ၂၉ ရက်နေ့မှာ တပ်ရင်း ၈ ရင်းနဲ့ စတင်ဖွဲ့စည်းခဲ့ပြီး လက်ရှိမှာတော့ တပ်ရင်း (၁၃) ရင်းအထိ တိုးချဲ့ဖွဲ့စည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် တပ်ရင်းအမှတ် ၂၁၁၄၊ ၂၁၁၅ တပ်ရင်း၂ ရင်းကိုလည်း တိုးချဲ့ဖွဲ့စည်းခဲ့ကြောင်း KNA က အသိပေးထားပါတယ်။

အခမ်းအနားကိုတော့ ကယန်းဒေသတစ်နေရာမှာ ပြုလုပ်ခဲ့ပြီး အခမ်းအနားအတွင်း ပြုလုပ်သွားခဲ့တဲ့ ဆောင်ရွက်ချက်တွေကိုတော့ KNA ရဲ့ ပြောရေး ဆိုခွင့်ရှိသူ ခွန်းဆောင်ဒူက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

“အခမ်းအနားကတော့ ကျနော်တို့ အဓိကတော့ အမျိုးသားအလံကို အ‌လေးပြုတာပေါ့နော်။တပ်မတော်အလံ အလေးပြုတယ်။ ကျဆုံးရဲဘော်တွေကို ဂါရဝပြုတယ်။ပြီးတော့မှ နိုင်ငံရေးဦးဆောင်အဖွဲ့အနေနဲ့ ဒုဥက္ကဌ မိန့်ခွန်းပေါ့‌ ၊ ဒုစစ်ဦးစီးမှူး မိန့်ခွန်းပေါ့နော်။ စောန နိုင်ငံရေး ဒုဥက္ကဌ ကတော့ အဖွင့်အမှာစကားလို့လည်း ပြောလို့ရတာပေါ့။ဒုစစ်ဦးစီးကျတော့ မိန့်ခွန်းပေါ့။ ပြီးတော့ တပ်ရင်းအသစ်တွေကို ကျနော်တို့ မိတ်ဆက်ပေးတယ်။ တပ်ရင်းအသစ်တွေကို အပ်နှံပေးတာပေါ့နော်။ “ လို့ ခွန်းဆောင်ဒူက ဆိုပါတယ်။

ပြုလုပ်ခဲ့တဲ့ KNA တပ်ရဲ့ ဗဟိုဌာနချုပ် ရုံးချုပ်ဖွင့်ပွဲအခမ်းအနားကို KNA ရဲ့ နိုင်ငံရေးဦးဆောင်ကော်မတီဝင်တွေ၊ စစ်ဖက်ဆိုင်ရာ စစ်ဦးစီးမှူးတွေ၊ ဒုစစ်ဦးစီးမှူး၊ တပ်ဗိုလ်တပ်မှူး၊ တပ်ရင်းသစ် တပ်သားတွေနဲ့ ထောက်ပို့ ကိုယ်စားလှယ်တွေ ပါဝင်တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

 

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ