spot_img
Homeသတင်းစစ်ကော်မရှင်တပ်ရဲ့လက်နက်ကြီးနဲ့ ဒရုန်းတွေ ပစ်ခတ်မှုကြားက စစ်ဘေးရှောင်တချို့ နွေစပါးပြန်စိုက်နေရ

စစ်ကော်မရှင်တပ်ရဲ့လက်နက်ကြီးနဲ့ ဒရုန်းတွေ ပစ်ခတ်မှုကြားက စစ်ဘေးရှောင်တချို့ နွေစပါးပြန်စိုက်နေရ

-

ကန္တာရဝတီတိုင်း(မ်)

ပြီးခဲ့တဲ့ မတ်လက စပြီး ဒီးမော့ဆိုအနောက်ခြမ်း က စစ်ဘေးရှောင် ‌တချို့ဟာ စစ်ကော်မရှင်တပ်က ဒရုန်းနဲ့ လက်နက်ကြီးတွေပစ်ခတ်နေတဲ့ကြားက ရွာအနီးအနားက လယ်တွေမှာ နွေစပါးကို ပြန်လည်စိုက်ပျိုးနေကြပါတယ်။

“ဒရုန်းတွေလည်း ကျတယ်။ဒရုန်းတွေက အရင်ပတ်ပြီးမှ အကြီးမျိုး (လက်နက်ကြီး) ကျတယ်” လို့ စစ်ဘေးရှောင် အမျိုးသမီး တစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ယခုနှစ်အတွင်း ဓာတ်ဆီ၊ ဒီဇယ်ဈေးတွေနဲ့ မြေဩဇာဈေးတွေ မြင့်တက်လာတာကြောင့် စပါးကို ရောင်းဖို့အတွက် စိုက်ပျိုးတာမဟုတ်ဘဲ မိသားစု ၀မ်းရေးအတွက်သာ စိုက်ပျိုးနိုင်တော့တယ်လို့ သူမက ဆက်ပြောပါတယ်။

အခုလို လက်နက်ကြီး၊ ဒရုန်းပစ်ခတ်မှုတွေ ရှိပေမယ့် စိုးရိမ်ပူပန်မှုတွေနဲ့ နွေစပါးပြန်စိုက်ပျိုးရတဲ့ အခြေအနေကို စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက အခုလို ဆက်ပြောပါတယ်။

“ကြောက်တာပေါ့။မြောင်းထဲမှာပုန်းနေရတယ်။ပျိုးနုတ်တဲ့ရက်တုန်းကဆို ဒရုန်းအသေးမျိုးလာပြီပေါ့ အပေါ်မှာ။ရေချောင်းထဲ ပုန်းထားလို့အော်ကြတယ်။ပြီးရင် ဒရုန်းလာပြီဆိုပြေးရတယ်။စိုက်တာဆိုမ‌နက်ပိုင်းပဲ နေ့လည်ဆို မလုပ်ရတော့ဘူး” လို့ သူ ဆိုပါတယ်။

ကုန်ဈေးနှုန်းအဆမတန်မြှင့်တက်လာတာ ၊ နယ်မြေဆုံးရှုံးမှုတွေရှိလာတာနဲ့အတူ စစ်ကော်မရှင်တပ်ရဲ့ လက်နက်ကြီး ၊ ဒရုန်းတွေပစ်ခတ်မှုတွေကြောင့် ဒီးမော့ဆိုအနောက်ဖက်ခြမ်းမှာ ပြီးခဲ့တဲ့နှစ်ကထက် နွေ စပါးစိုက်ပျိုးသူတွေ ပိုနည်းလာတယ်လို့လည်း သိရပါတယ်။

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ