spot_img
Homeသတင်းနှစ်သစ်မှာ အာဏာရှင်ပြိုလဲဖို့ တိုက်ပွဲဝင်သူတွေ အားလုံးစည်းလုံးကြရန် KNDF ဒု-စစ်ဦးစီးချုပ် မာဝီ တိုက်တွန်း

နှစ်သစ်မှာ အာဏာရှင်ပြိုလဲဖို့ တိုက်ပွဲဝင်သူတွေ အားလုံးစည်းလုံးကြရန် KNDF ဒု-စစ်ဦးစီးချုပ် မာဝီ တိုက်တွန်း

-

ကန္တာရဝတီတိုင်း(မ်)

ဒီကနေ့ ဧပြီလ ၁၇ ရက်နေ့မှာ ကျရောက်တဲ့ မြန်မာ့ နှစ်ဆန်း တစ်ရက်နေ့မှာ စစ်အာဏာရှင်စနစ် အပြီးတိုင် ပြိုလဲနိုင်ဖို့အတွက် တိုက်ပွဲဝင်နေကြသူတွေအားလုံးကို စည်းလုံးညီညွတ်ကြရန် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ရဲ့ ဒုတိယ စစ်ဦးစီးချုပ် မာဝီက နှစ်သစ်မင်္ဂလာနှုတ်ဆက်စကားမှာ တိုက်တွန်းပြောဆိုထားပါတယ်။

“ဒီနှစ်သစ်ကစပြီးတော့ အာဏာရှင်စနစ် အပြီးတိုင် ပြိုလဲဖို့ ကျနော်တို့က ကဏ္ဍအသီးသီးမှာ တိုက်ပွဲဝင်နေကြတဲ့သူတွေ အားလုံး စည်းလုံးကြဖို့ကိုလည်း ဆုတောင်းမေတ္တာပို့သပါတယ်။ ကျဉ်းမြောင်းတဲ့ အမျိုးသားရေးမှာပဲ ကျနော်တို့တွေ ပိတ်မိမနေကြဘဲနဲ့ ကျယ်ပြောတဲ့ အမျိုးသားရေးနဲ့ ပြည်ထောင်စုရေးကို ကျနော်တို့ ရှေးရှုလုပ်ဆောင်ကြရပါလိမ့်မယ်။ အဲ့ဒီအတွက်ကိုလည်း အလေးအနက် တိုက်တွန်းနှိုးဆော်လိုပါတယ်”လို့ ဒု-စစ်ဦးစီးချုပ် မာဝီက ပြောထားပါတယ်။

ဒါ့အပြင် မြန်မာပြည်ရဲ့ တော်လှန်ရေးဟာ အချိုးအကွေ့တစ်ခုနဲ့ ရင်ဆိုင်နေရပြီး မိမိတို့ လူငယ်အင်အားစုတွေ၊ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေဟာ အဆုံးသတ်တိုက်ပွဲကို ဆက်လက်တိုက်ပွဲဝင်နေကြဆဲဖြစ်ပြီး တပြည်လုံးမှာ ထိန်းချုပ်၊ အုပ်ချုပ်နေတဲ့ နေရာဒေသတွေအများအပြားရှိလာပြီလို့လည်း ဆိုထားပါတယ်။

ဒီလို နိုင်ငံရေး၊ စစ်ရေး အခက်အခဲတွေ၊ တိုက်ပွဲတွေကြားမျာ ကြံ့ကြံ့ခံ ရပ်တည်ပေးတဲ့ စစ်ရှောင်တွေကို လည်း ကျေးဇူးတင်ကြောင်းနဲ့ ခက်ခဲတဲ့ ရာသီဥတုကြားမှာ အမှန်တရားနဲ့ လွပ်လပ်ရေးအတွက် ယနေ့အထိ ရပ်တည်ပေးတဲ့ပေါ် အထူးအသိအမှတ်ပြုလေးစားကြောင်း ပြောဆိုထားပါတယ်။

၂၀၂၁ ခုနှစ်မှာကတည်းက စတင်တိမ်းရှောင်လာခဲ့ရတဲ့ စစ်ရှောင်အမျိုးသား တဦးကလည်း နှစ်သစ်ကနေစတင်ပြီး တော်လှန်ရေးကို ပိုမိုကောင်းမွန်တဲ့ အခြေအနေ တခုထိရောက်စေလို ပြီး မိသားစုနှင့်အတူ ပျော်ရွင်စွာနေထိုင်လိုကြောင်း အခုလို ပြောပါတယ်။

“ဒီနှစ်သစ်မင်္ဂလာ အချိန်ရောက်ပြီးတဲ့နောက်မှာ တော်လှန်ရေးအခြေအနေကို ကောင်းမွန်တဲ့ အခြေအနေတစ်ခု ရောက်ချင်တယ်။ နောက်ပြီးတော့ တော်လှန်ရေး ကောင်းမွန်လာပြီးတဲ့ နောက်မှာတော့ မိသားစုနဲ့အတူတူ ကိုယ့်ရဲ့ရပ်ရွာမှာ ပျော်ပျော်ရွင်ရွင်နေထိုင်နိုင်ဖို့ပဲမျှော်လင့်ပါတယ်” လို့ ပြောပါတယ်။

ကရင်နီပြည်ကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် စက်တင်ဘာလကုန်ကတည်းက “ရန်နိုင်မင်း” လို့ အမည်ရတဲ့ စစ်ဆင်ရေးနဲ့ စစ်ကော်မရှင်တပ်က ထိုးစစ်ဆင်နေခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ လွိုင်ကော် – ဒီးမော့ဆို -ဖရူဆို -ဘောလခဲ ပြည်ထောင်စု လမ်းမကြီးကို စစ်ကောင်စီတပ် ပြန်လည် ထိန်းချုပ်ထားနိုင်တာ ဖြစ်ပါတယ်။

“ရန်နိုင်မင်း” စစ်ဆင်ရေးပြန်လာတဲ့ တပ်သားတွေကိုလည်း ကြိုဆိုဂုဏ်ပြုကြောင်းကို လည်း စစ်ကော်မရှင်က ဧပြီလ ၁၄ ရက်နေ့မှာ ဖော်ပြထားပါတယ်။

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ