spot_img
Homeသတင်းကရင်နီပြည်မှာ စစ်အုပ်စုရဲ့ တိုက်ခိုက်မှုကြောင့် တစ်လအတွင်း ကလေးငယ် နှစ်ဦးအပါအဝင် လူထု ၃ ဦးသေဆုံးခဲ့

ကရင်နီပြည်မှာ စစ်အုပ်စုရဲ့ တိုက်ခိုက်မှုကြောင့် တစ်လအတွင်း ကလေးငယ် နှစ်ဦးအပါအဝင် လူထု ၃ ဦးသေဆုံးခဲ့

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်မှာ စစ်အုပ်စုရဲ့ တိုက်ခိုက်မှုကြောင့် ပြီးခဲ့တဲ့ ဇွန်လအတွင်း ကလေးငယ် နှစ်ဦးအပါအဝင် လူထု ၃ ဦးသေဆုံးခဲ့တယ်လို့ ကန္တာရဝတီတိုင်း(မ်) ရဲ့ လက်လှမ်းမီ စာရင်းအရ သိရပါတယ်။

အဆိုပါ သေဆုံးခဲ့သူ ၃ ဦးဟာ ကလေးငယ် နှစ်ဦးနဲ့ အမျိုးသားတစ်ဦး ဖြစ်ပါတယ်။ သေဆုံးမှု ဖြစ်စဥ်မှာတော့ ပြီးခဲ့တဲ့ ဇွန်လ ၄ ရက်နေ့က ဒီးမော့ဆို အနောက်ခြမ်းတစ်နေရာမှာ လေယာဉ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသားတဦး နဲ့ ဇွန်လ ၂၄ ရက်နေ့ က နန်းမယ်ခုံမြို့အတွင်း
ကျေးရွာတရွာမှာ ဒရုန်း ဗုံးကြဲမှုကြောင့် ကလေးငယ်နှစ်ဦး ဗုံးစထိမှန်ပြီး သေဆုံးခဲ့ကြတာပါ။

သေဆုံးသူ ၃ ဦးထဲ ကလေးငယ် နှစ်ဦးဟာ အသက် ၁၀ နှစ် နဲ့ အသက် ၆ နှစ်အရွယ်ဖြစ်ပြီး ကျန် အမျိုးသားတစ်ဦးမှာတော့ အသက် ၃၀ ကျော်အရွယ်ဖြစ်ပါတယ်။

စစ်အုပ်စု တိုက်ခိုက်မှုတွေကြောင့် အဆိုပါ သေဆုံးမှုတွေအပြင် လူထုထိခိုက်တာ၊ အဆောက်အဦး ထိခိုက်ပျက်စီးတာတွေလည်း ရှိခဲ့ပါတယ်။

ဇွန်လအတွင်းမှာတော့ စစ်အုပ်စုက လူထုတွေနေထိုင်တဲ့ ဒီမော့ဆို အပါအဝင် ဖရူဆို၊ ရှမ်း-ကရင်နီနယ်စပ်တွေမှာ လေကြောင်းတိုက်ခိုက်တာ ၊ ဒရုန်းနဲ့ဗုံးကြဲတာ မကြာခဏ လုပ်ဆောင်လျက်ရှိနေတာကြောင့် လုံခြုံရေး စိုးရိမ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ် အာဏာစသိမ်းချိန်ကနေ လက်ရှိ ဇွန်လကုန်အထိ စစ်အုပ်စုရဲ့ တိုက်ခိုက်မှုတွေကြောင့် ကရင်နီပြည်နဲ့ အလယ်ကယန်းဒေသမှာ ပြည်သူပေါင်း ၈၇၈ ဦး သေဆုံးခဲ့တယ်လို့ ဒီကနေ့ ဇူလိုင်လ ၁ ရက်နေ့မှာ တိုးတက်သောကရင်နီပြည်သူ့အင်အားစု(PKPF) ရဲ့ ထုတ်ပြန်ချက်စာရင်းအရ သိရပါတယ်။

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ