ကန္တာရဝတီတိုင်း(မ်)
စစ်ကောင်စီက အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရဲ့ ဗဟိုအကြံပေးအဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း ကာ/လုံကောင်စီရုံး က ၂၀၂၅ ခုနှစ် ဇူလိုင် ၃၁ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
အဆိုပါ ဗဟိုအကြံပေးအဖွဲ့ထဲမှာ အဖွဲ့ခေါင်းဆောင်အဖြစ် ဦးစောထွန်းအောင်မြင့် ဦးဆောင်ပြီး အဖွဲ့ဝင်များအဖြစ် ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေ၊ ဒေါ်အေးနုစိန်၊ စောဒန်နီယယ်၊ ဒေါက်တာဗညားအောင်မိုး၊ ဒေါက်တာမောင်မောင်နိုင်၊ ဦးရွှေကြိမ်း၊ ဦးရန်ကျော်၊ ဦးဝဏ္ဏမောင်လွင်၊ မန်းငြိမ်းမောင်၊ ဒေါ်ဒွဲဘူ၊ ပိုးရယ်အောင်သိန်း၊ ဒေါက်တာမှုထန်၊ ခွန်စံလွင် တို့ ပါဝင်ကြပါတယ်။
ဦးစောဒန်နီယယ် ကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့မှာ စစ်ကောင်စီက နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ အဖွဲ့ဝင်အဖြစ် ခန့်အပ်လိုက်တာ ဖြစ်ပါတယ်။ သူဟာ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီရဲ့ ဥက္ကဌဟောင်း တစ်ဦးဖြစ်ပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့မှာ ပါတီက ထုတ်ပယ်လိုက်တာ ဖြစ်ပါတယ်။
ဒါ့အပြင် ၂၀၂၀ ခုနှစ်မှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီကနေ ဖားဆောင်းမြို့ နယ် လွှတ်တော် မဲဆန္ဒနယ် အမှတ် (၂) မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ကိုယ်စားလှယ်လောင်းဖြစ်ပြီး လွိုင်ကော်မြို့၊ထူဒူငံသ ကျေးရွာမှာ နေထိုင်ပါတယ်။
ဦးပိုးရယ်အောင်သိန်းကတော့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ပြည်နယ်ဥက္ကဌ ဖြစ်ပြီး လွိုင်ကော်မြို့ဇာတိ ဖြစ်ပါတယ်။