spot_imgspot_imgspot_imgspot_img
Friday, July 18, 2025
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆိုမှာ မြေမြုပ်မိုင်းနင်းမိတဲ့ နွားတကောင်သေဆုံး

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်၊ ပါဒေါဒူကျေးရွာအနီးက နွားစားကျက်မြေမှာ မြေမြုပ်မိုင်း နင်းမိတာကြောင့် နွားတကောင်သေဆုံးပြီး တခြားနွားတွေလည်း ထိခိုက်ဒဏ်ရာအချို့ရရှိခဲ့တယ်လို့ သိရပါတယ်။

ဇူလိုင်လ (၁၅)ရက်နေ့ နေ့လယ် (၁)နာရီခွဲ ဝန်းကျင်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အဆိုပါနွားတွေကို စစ်ရှောင်နဲ့ ဒေသခံတွေက လွတ်ကျောင်းထားတာဖြစ်ပါတယ်။

“အဲ့နားက ကျနော်တို့ ဘယ်နှခါတောင်သွားလာလဲ မသိဘူး အဲ့နေရာလေ။ ကျနော့် အမြင်ပြောရမယ်ဆို အဲ့မိုင်းက လူအလေးချိန်နဲ့ မပေါက်နိုင်လို့ နွားအများကြီးသွားတဲ့အခါ နွားအလေးချိန်နဲ့ ပေါက်သွားတယ်လို့ ကျနော်မြင်တယ်။” လို့ နွားကျောင်းနေတဲ့ စစ်ရှောင် တစ်ဦးက ပြောပါတယ်။

နင်းမိတဲ့မိုင်းကတော့ (၁၆)မိုင်း အမျိုးအစားဖြစ်ပြီး ယခင်စစ်ကောင်စီတပ်တွေ ရွာအတွင်း တပ်စွဲထားစဉ်မှာ ထောင်ထားခဲ့တာဖြစ်နိုင်တယ်လို့ ဒေသခံတွေက သုံးသပ်ပါတယ်။

အခုလို နွားတွေ မိုင်းနင်းမိတာကြောင့် ဆုံးရှုံးမှုတွေရှိသလို စိတ်မကောင်းလဲ ဖြစ်ရတယ်လို့ နွားကျောင်းနေတဲ့ စစ်ရှောင် တစ်ဦးက ခုလိုပြောပါတယ်။

“ကျနော့် အနေနဲ့ဆိုရင် ကျနော်တို့က နွားကိုကျွေးမွေးစောင့်ရှောက်ရတယ်ပေါ့။ နွားက ရောင်းချိန်တန်ရင်လဲ ကျနော်တို့ရောင်းရတယ်ပေါ့နော်။ ကျနော်တို့သွားကျောင်း နေရင်း သေကုန်တယ် ထိခိုက်ဒဏ်ရာရတယ် အဲ့လိုဖြစ်သွားတော့ ကျနော်တို့အတွက် စိတ်မကောင်းစရာတွေဖြစ်သွားတယ်ပေါ့နော်” လို့ဆိုပါတယ်။

နွားမိုင်းနင်းမိချိန် နွားကျောင်းနေသူတချို့ရှိပေမဲ့ လူ ထိခိုက်မှုတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။

spot_img

Recent posts