KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၅ ခုနှစ်၊ ဇူလိုင် (၃၁) ရက်၊ (ကြာသပတေးနေ့)
– စပါး စိုက်ပျိုးမှု ပိုများတဲ့ မိုးဗြဲ၊ ဖယ်ခုံ က လူထုတွေ ထပ်မံစစ်ဘေးတိမ်းရှောင်နေကြရတာကြောင့် စာနပ်ရိက္ခာအတွက် လိုအပ်ချက်တွေ ပိုများလာနိုင်
– မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြေအက်ကွဲမှုတွေဖြစ်ပြီး ခရီးသွားလာဖို့အပြင် တချို့နေအိမ်အတွက် စိုးရိမ်ရဟုဆို
– သံလွင်မြစ်ရေ မြင့်တက်လာတာကြောင့် စစ်ရှောင်နဲ့ ဒေသခံတွေ စိုက်ပျိုးထားတဲ့ သီနှံခင်းများ ရေနစ်မြှုပ်ပျက်စီး
စတဲ့သတင်းတွေအပါအဝင် မိုးလေဝသ ကြိုတင်ခန့်မှန်းချက်တွေကို နားဆင်ကြရမှာပါ။ အဲဒီနောက်မှာတော့ ‘စစ် ကြီးပြီးသွားလို့ ပြန်တွေ့တဲ့တနေ့ ကျနော့်ကိုမှတ်မိပေးပါ’ ဆိုတဲ့အကြောင်းနဲ့အတူ
“အင်တာဗျူးအစီအစဉ်” ကနေပြီး ” ဖယ်ခုံအရှေ့ခြမ်းကနေ တောလမ်းခရီးအတိုင်း ၁၅ ရက်ကျော်ကြာ ခရီးနှင်လာခဲ့ကြတဲ့ စစ်ဘေးရှောင်တွေနဲ့ တွေ့ဆုံမေးမြန်းခြင်း”ကိုလည်း ထုတ်လွှင့်ပေးသွားဖို့ ရှိပါတယ်။
KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ်ည ၇ နာရီကနေစတင်ပြီး Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းဒီးမော့ဆို နဲ့ဖရူဆိုမြို့နယ်မှာ FM ရေဒီယိုလိုင်း 108 mhz ၊ မယ်စဲမြို့နယ်မှာ 95.9 mhz ထုတ်လွှင့်ပေးနေပါတယ်။