spot_imgspot_imgspot_imgspot_img
Friday, September 19, 2025
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းမှာ ခိုးမှု များလာတဲ့အပေါ် ဒေသခံတွေရဲ့ စိုးရိမ်မှု စကားသံများ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဖက်ခြမ်းမှာ နေအိမ် နဲ့ ဈေးဆိုင်ခန်း ဖောက်ထွင်းမှု ၊ ဆိုင်ကယ်ခိုးယူခံရမှုတွေ များလာတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၈ ရက်နေ့ကလည်း ဈေးဆိုင်တန်းတစ်နေရာက ထမင်းဆိုင်ကို သူခိုးဝင်ရောက်မှုကြောင့် ငွေသားတချို့ ဆုံးရှုံးခဲ့ရတဲ့ ဖြစ်စဉ်လည်းရှိပါတယ်။ ခိုးမှု များလာတဲ့အပေါ် ဒေသခံနဲ့ ဈေးဆိုင်ရောင်းချသူ တချို့ရဲ့ စိုးရိမ်မှု စကားသံတွေကို ဖော်ပြလိုက်ပါတယ်။

ဒေသခံအမျိုးသမီးတစ်ဦး

“ဒေသခံတစ်ဦးအနေနဲ့ သူခိုးတွေသောင်းကျန်းလာတော့ ကျမတို့အနေနဲ့ ဘာလုံခြုံမှုမှမရှိတော့ဘူး။ ခေတ်ကာလကလည်း မကောင်း၊ စီးပွားရေးကလည်း ဘားမှလုပ်စားလို့မရပါဘူးဆို မရှိမဲ့ ရှိမဲ့ ရှာဖွေစုဆောင်းထားတာလေးကိုတော့ အခိုးမခံချင်ဘူးလေ။ ဘဝတွေက အိမ်ပေါ်ထိတောင် ခိုးတဲ့အဆင့်ဆိုတော့ နောက်ဆို လူကိုလည်း သတ်သွားလောက်တယ်။ စိတ်အေးလက်အေးနေလို့မရတော့ဘူး ထိထိရောက်ရောက်အရေးယူစေချင်တယ် ဒီကိစ္စတွေကို”

ဖိနပ်ဆိုင် ဖွင့်ထားတဲ့ အမျိုးသားတစ်ဦး

“အရင်လို လွတ်လွတ်လပ်လပ် သွားလို့မရတော့ဘူးပေါ့။ ပြီးတော့ သွားရင်လည်း ဆိုင်ပိတ်ထားတောင်မှအဖောက်ခံထိပြီလားလို့ အတွေးတွေဖြစ်နေတာပေါ့။ သူခိုးတွေကလည်း အဆောင်ယောင်တွေနဲ့ဆို ပိုဆိုးတာပေါ့။ သူ့ကိုမိရင်တောင် ကျနော်တို့ကို ပြန်တိုက်ခိုက်နိုင်တဲ့ ပစ္စည်းတွေ ပါကောင်းပါနိုင်တယ်လေး ဒါကြောင့်လုံခြုံဘူး”

စစ်ဘေးရှောင် အမျိုးသမီးတစ်ဦး

“အဖက်ဖက် စိုးရိမ်မှုရှိတာပေါ့နော်။ ဘာဖြစ်လို့လဲဆို‌တော့ ကျမတို့အိမ်က ယာယီတဲ လေးတွေပဲ ဆောက်ထားတာ ဖြစ်တဲ့အတွက်ကြောင့် မလုံခြုံတာတွေ များတယ်။အဲ့ကြောင့် မရှိရှိတဲ့ ကြားက ရှာထားတဲ့ပစ္စည်းတွေ အခိုးခံရမှာကိုတော့ အများကြီး စိုးရိမ်တာပေါ့”

ဆိုင်ရှင် အမျိုးသမီးတစ်ဦး

“စိုးရိမ်တာ အများကြီးရှိတယ်။ ဘာလို့လဲဆို ကျမတို့မှာလဲ စစ်ရှောင်ရင်းနဲ့ ကိုယ့်ဝမ်းစာ ခက်ခဲလို့ ရှိတာလေးတွေ ချေးငှားပြီး ရောင်းကြရတယ်လေ တော်တော်များများက။ ကျမလည်း ကိုယ်တွေ့ပါပဲ အခိုးခံရပါတယ်။ကျမတို့လဲ အခိုးခံရတယ်ပဲလေ။ ဆီပုံး တွေလည်း ပျောက်တယ်။ အဲ့ကြောင့်မို့ သက်ဆိုင်ရာအနေနဲ့ပေါ့နော် ထိန်းချုပ်ပေးရင် ပိုအဆင်ပြေတယ်”

spot_img

Recent posts