ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည် ပေါ်ဝေါ်မြို့နယ် ကွာခီးကျေးရွာ(မော်ချီးဒေသ)မှာ ဇူလိုင်လအတွင်း မိုးအဆက်မပြတ်ရွာသွန်းခဲ့တာကြောင့် ဇူလိုင်လ ၂၇ ရက်နေ့ည ၁၁ နာရီဝန်းကျင်မှာ တောင်ကျချောင်းရေကြီးလာပြီး မြေပြိုခဲ့တာကြောင့် ကျေးရွာဒေသခံတွေ စိုက်ပျိုးထားတဲ့ ဖာလာခြံနဲ့ သိုလှောင်ထားတဲ့ စပါးတွေ အများအပြားပျက်စီးခဲ့ပါတယ်။
“ဒီတစ်လလုံပေါ့နော် မိုးသည်းထန်စွာရွာတယ်။ ရွာတာလဲ အဆက်မပြတ်ရွာတယ်ပေါ့နော်။ ဒီ (၂၇)ညက ရေကြီးတယ်ပေါ့။ မြေလဲ အများကြီးပြိုတယ်ပေါ့နော်။ အဲ့ဒါနဲ့ပါကုန်တာ” လို့ ပေါ်ဝေါ် မြို့နယ် ဥက္ကဌက ပြောပါတယ်။
ဒေသခံတွေရဲ့ သိုလှောင်ထားတဲ့ စပါးတွေ၊ ဖာလာခြံတွေ နဲ့အခြားသီးနှံစိုက်ခင်းတွေ တော်တော်များပျက်စီးခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို အတည်မပြုနိုင်သေးပေမယ့် ပမာဏ များတယ်လို့ သူကဆက်ပြောပါတယ်။
“သူတို့ကစပါးတွေကို သိုလှောင်ထားတာပေါ့နော်။ ပြီးခဲ့တဲ့နှစ် လုပ်ထားတာ ဒီနှစ်စားဖို့ သိုလှောင်ထားတာ ပေါ့လေနော။ သူဟာက ချောင်းနဲ့နည်းနီးတယ်။ ရေလဲကြီးတယ် မြေလဲပြိုတယ်။ အများကြီးပါသွားတယ်။” လို့ မြို့နယ် ဥက္ကဌက ပြောပါတယ်။
ယခင်နှစ်တွေက ဒီလို မြေပြိုရေကြီးကို အဲ့ဖက်ဒေသမှာ ကြုံဖူးခဲ့တာမရှိပဲ ယခုနှစ်ဟာ ပထမဆုံးကြိမ်ဖြစ်တယ် လို့သိရပါတယ်။