နော်ဒွေးအယ်ခူ ကရင်အမျိုးသားပါတီ (KNP) ကနေပြီး ကယားပြည်နယ်ဖားဆောင်းမြို့နယ်ရှိ မဲဆန္ဒနယ်သုံးခုမှာ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ကရင်အမျိုးသားပါတီ (KNP) မှ အထွေထွေအတွင်းရေးမှူး မန်းကျော်ငြိမ်းက ပြောပါတယ်။ “ကရင်အမျိုးသားပါတီဆိုတာ ကရင်အမျိုးသားရှိတဲ့နေရာတိုင်းမှာ ကျနော်တို့က ပါတီထူထောင်လို့ရတယ်။ ကယားပြည်နယ်မှာလည်း ကရင်လူမျိူးတွေရှိတယ်ဆိုတာ တွေ့ရတယ်။ သူတို့ကလည်း ကရင်အမျိုးသားပါတီတစ်ခုခုနဲ့ လုပ်ချင်တယ်ပေါ့။ အခုရွေးကောက်ပွဲမှာ ကယားပြည်နယ်မှာရှိတဲ့ ဖားဆောင်းမြို့နယ်ကနေပြီးတော့ သုံးနေရာဝင်ပြိုင်မယ်ဆိုပြီးတော့ စီစဉ်ထားတာရှိတယ်။ ကိုယ်စားလှယ်လောင်းအမည်တွေလည်း ရွေးကောက်ပွဲကော်မရှင်ကို အကုန်လုံးတင်ပြီးပြီ”လို့ မန်းကျော်ငြိမ်းကပြောပါတယ်။ ဖားဆောင်းမြို့နယ်မှ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အမှတ် (၁) မှာ ကိုယ်စားလှယ်လောင်းတစ်ဦး၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ် (၂) မှာ ကိုယ်စားလှယ်လောင်းတစ်ဦး၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ ကိုယ်စားလှယ်လောင်းတစ်ဦးတို့က ဝင်ရောက်ယှဉ်ပြိုင်သွားကြမှာဖြစ်ပါတယ်။ KNP ပါတီကနေပြီး ကယားပြည်နယ် ကိုယ်စားလှယ်လောင်းရွေးချယ်ရာမှာ ကရင်အမျိုးသားရေးလုပ်ရှားသူတွေကို ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး […]