မော်ဦးမြာ ပြည်နယ်အဆင့် အပစ်ခတ်ရပ်စဲရေးလက်မှတ်ရေးထိုးစဉ် နှစ်ဖက် သဘောတူညီထားတဲ့ အချက်တွေကို လေးစားလိုက်နာပြီး အကောင်အထည်ဖော်သွားဖို့ လိုအပ်တယ်လို့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP က မတ္လ ၃ ရက်နေ့ ပြည်နယ်အစိုးရနဲ့ တွေ့ဆုံမှု အပြီးမှာ ကန္တာရဝတီတိုင်း(မ်)ကို ပြောကြားခဲ့တာ ဖြစ်ပါတယ်။ “ ကျတော်တို့ တင်ပြဆွေးနွေးတာကတော့ သဘောတူညီထားတဲ့… စပြီးတော့ အပစ်ခတ်ရပ်စဲရေးလုပ်တုန်းက ပြည်နယ်အဆင့်မှာသော်လည်းကောင်း၊ ပြည်ထောင်စုအဆင့်မှာသော်လည်းကောင်း ကျတော်တို့ သေဘာတူညီထားတဲ့ အချက်အလက်အပေါ်မှာ ပြည်နယ်အစိုးရကနေပြီးတော့ လေးစားလိုက်နာပေးဖို့ အကောင်အထည်ဖော်ပေးဖို့ဆိုတဲ့ အချက်အလက်ကို ကျတော်တို့ တင်ပြတယ်။ အဲ့ဒါနဲ့ ဆက်စပ်ပြီးတော့မှ အခု ဖြစ်ပျက်နေတဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ နောက်ဒီသွားလာလုပ်ရှားမှုတွေပေါ့လေ။ ကျတော်တို့ သဘောတူညီမှုတွေနဲ့ ကွာဟချက်ဖြစ်နေတယ်ပေါ့လေ။ ဆိုတော့ အဲ့ဒီအပေါ်မှာ […]