စိုးထိုက်အောင် ကယားပြည်နယ် ဒီးမော့ဆိုမြို့ငွေတောင်ရွာမှာရှိတဲ့ စိုက်ပျိုးရေးသိပ္ပံကျောင်းမှာ ကျောင်းသူကျောင်းသားတွေကို လက်တွေ့ ပညာသင်ကြားဖို့ သင်ထောက်ကူပစ္စည်းတွေ လိုအပ်နေတယ်လို့ သီးနှံကာကွယ်ရေးဌာန ဌာနမူး ဒေါ်စန်းစန်းနွယ်က ပြောပါတယ်။ ၎င်းက “လိုအပ်တဲ့ပစ္စည်းတွေအနေနဲ့ကတော့ (Microscope) တွေဘာတွေေတော့ လိုပါတယ်။ တစ်ခုတော့ ရှိပါတယ်။ ကျောင်းသားအားလုံးကို သင်ကြားပေးနိုင်ဖို့ကေတော့ (Microscope) ကတော့ အနည်းဆုံး ၁၀ခုလောက်ရှိမှ ဖြစ်မှာ တစ်ခုထဲပဲ ရှိတာဆိုတော့ သင်ကြားရေးမှာတော့ သိပ်ပီးတော့ အရမ်းကြီးတော့ အဆင် မပြေဘူးပေါ့။” လို့ပြောပါတယ်။ အဏုကြည့်မှန်ဘီလူး (Microscope)ဟာဆိုလျှင် သင်ကြာရေးအပိုင်းရဲ့ လက်တွေ့သင်ကြားရတဲ့ ဓါတ်ခွဲခန်းထဲမှ သီးနှံတွေထဲ ကျရောက်နေတဲ့ ပိုးမွားတွေကို ကြည့်ဖို့လိုအပ်နေတာဖြစ်ပါတယ်။ အခုလို သင်ထောက်ကူပစ္စည်းတွေ မလုံလောက်တဲ့အတွက် သင်ကြားရေးအပိုင်းမှာ ထိရောက်မှုမရှိဘူးလို့ သိရပါတယ်။ […]