ကန္တာရဝတီတိုင်း(မ်) ကယား(ကရင်နီ)ပြည်နယ် တောင်ပေါ် ကျေးလက်ဒေသတွေဘက်က ကျေးလက်ဆေးပေးခန်းဌာနခွဲတွေမှာ ဖွဲ့စည်းပုံမကျလို့ ဆိုပြီး ဆေးခန်းထိုင် ဆရာဆရာမတွေ မထားပေးတာဟာ ဒေသခံပြည်သူတွေ ကျန်းမာရေးအရ လျစ်လျူရှုခံနေရတာဖြစ်တယ်လို့ လူထုကျန်းမာရေး နှင့်ဖွံ့ဖြိုးရေးကွန်ယက် ( Civil Health and Development Network – CHDN) မှ ဒါရိုက်တာ ခွန်းဖိလစ်က ပြောပါတယ်။ CHDN အဖွဲ့ဟာဆိုရင် ကရင်နီပြည်နယ်ဒေသအတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကနေ စုစည်းထားတဲ့အဖွဲ့ဖြစ်ပြီး အစိုးရလက်လှမ်းမမီတဲ့ ကျေးလက်ဒေသတွေဘက်မှာ အဓိက ကျန်းမာရေးစောင့်ရှောက်မှု ပေးနေတဲ့အဖွဲ့ဖြစ်ပါတယ်။ “မြို့မှာကတော့ လူနေစိပ်လို့ လူဦးရေ အရဆေးခန်းတွေအများကြီးရှိပြီးတော့မှ တောင်ပေါ်မှာက လူနေကျဲပေမယ့်လို့ သူတို့ကို လူဦးရေများမပြည့်လို့ချန်ထားလိုက်မယ်ဆိုရင် တစ်ရွာနဲ့တရွာ ဆက်သွယ်ရအရမ်းခက်ခဲမယ်ဆိုရင် ဒါဆိုလို့ရှိရင် ကျန်းမာရေး အရက […]