ကန္တာရဝတီတိုင်း(မ်) ကယားပြည်နယ် တရားလွှတ်တော်ရုံးက ဒေါဆိုရှေးတောင်သူ တွေဖြစ်တဲ့ ဦးသောမတ်စ်၊ ဦးပါစကွားလယ်၊ ဦးကျော်ကျော်၊ ဦးမာတီးယာ၊ ဦးအိုင်ဗင်၊ ဦးငါးရယ် တို့ကို ဇူလိုင်လ ၇ ရက်နေ့က ပြန်လည်ဆင့်ခေါ် တာဖြစ်ပြီး လာမယ့် ဇူလိုင်လ ၁၀ ရက်နေ့မှာ ပြည်နယ် တရားရုံးမှာ အမှုကို ကြားနာရမှာ ဖြစ်ပါတယ်လို့ ဒေါဆိုရှေ့တောင်သူ တစ်ဦးဖြစ်တဲ့ ဦးပါးရယ်က ပြောပတယ်။ “၆ ယောက်နာမည်နဲ့ ခေါ်စာရောက်တယ်ပေါ့နော်။ အရင်တရားစွဲတုန်းကဆိုလည်း အဲလိုပဲ ၆ ယောက်ခေါ်တယ်။ သူတို့ကိုရုံးက ခေါ်ရင်တော့ သွားကြမှာပဲ။ တရားဥပဒေနည်းလမ်းကလည်းရှိနေတာကိုး သွားရောက်ဖြေရှင်းဖို့ သွားကြဖို့လည်းရှိတယ်။” လို့ဦးပါးရယ်က ပြောပါတယ်။ အမတ (၃၆၀)ကနေ တရားစွဲဆိုထားတဲ့ ဒေါဆိုရှေးတောင်သူနဲ့ စက်သမား […]