TAG
လောပလျားလဲ
ကိုယ်ထူကိုယ်ထ စာသင်ပေးတဲ့ ဆရာ/ဆရာမတွေတွက် လစာပေးရန် ရွာသားများအခက်တွေ့
နော်ဒွေးအယ်ခူ
ဖရူဆိုမြို့နယ် လောပလျားလဲကျေးရွာမှာ အစိုးရအသိအမှတ်ပြုကျောင်း မရှိသေးတဲ့အတွက် ကိုယ်ထူကိုယ်ထကျောင်းမှာ စာသင်ကြားပေးနေတဲ့ ကျောင်းဆရာ/မတွေကို လစာပေးဖို့ အခက်အခဲကြုံနေရတယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။
ဒေသခံရွာသားဖြစ်တဲ့ ဦးမီရယ်က “ဆရာမလစာအတွက်ဆိုပြီး စုထားရတာပေါ့ တချို့မိသားစုတွေအတွက်ပေါ့လေ။ မရှိမဲ့ရှိမဲ့နဲ့ ကြိုးစားပြီး ပေးရှာကြပါတယ်။ တချို့မိသားစုတွေက အငှားလိုက်ပြီးတော့ပေးရတယ်။” လို့ပြောပါတယ်။
လက်ရှိကိုယ်ထူကိုယ်ထကျောင်းကို ပညာရေးမှူးရဲ့ခွင့်ပြုချက်နဲ့ ဒေသဖွံ့ဖြိုးရေးကွန်ရက် (LDN)...