ကန္တရဝတီတိုင်း(မ်) ကယားပြည်နယ် ဘောလခဲမြို့ နယ်တွင် လက်ရှိ လွှတ်တော်ကိုယ်စားလှယ်တွေကနေပြီး ပြည်သူများနှင့် ထိတွေ့မှုသည် ယနေ့အချိန်ထိ အလွန်အားနည်းနေဆဲ ဖြစ်တယ်လို့ ဘောလခဲမြို့နယ် ဒေသခံအများစုက ပြောဆိုနေကြပါတယ်။ “ ကျတော်တို့ကတော့ ပြည်သူနဲ့ လွှတ်တော်အမတ်နဲ့ ထိတွေ့စေချင်တယ်။ ပြည်သူက ဘာလုပ်ချင်တာလဲ၊ ဘာဖြစ်ချင်တာလဲ အခုက ဘာမှ မရှိဘူး။ ကျတော်တို့က လွှတ်တော်အမတ်တွေဆိုရင် တွေ့တောင် မတွေ့ဖူးဘူး အဲ့လိုလေ။ အမှန်မှာက ပြည်သူနဲ့ တစ်သားတည်း ဖြစ်နေရမှာလေ။” လို့ ဘောလခဲမြို့ နယ် ရှမ်းပိုင်းကွက်သစ်မှ ဒေသခံတစ်ဦးဖြစ်သူ ဦးနိုင်ဇော်ကပြောပါတယ်။ ဘောလခဲမြို့ နယ်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ်တွေ အနိုင်ရရှိထားတဲ့ မြို့နယ်ဖြစ်တဲ့အတွက် ဒေသ၏လိုအပ်ချက်တွေကို အစိုးရထံ တင်ပြဖို့ […]

ကျော်ထင်အောင် ရေးသားသည်။ ယခင်အပတ်က စာရေးသူ စကားပလ္လင်ခံထားသလိုပင် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲကို တနိုင်ငံလုံး အတိုင်းအတာထက် ကယားပြည်နယ် အနေအထားကိုသာ အဓိက ဦးတည် ချဉ်းကပ်ရေးသားပါမည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပထမဆုံး ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲတွင် ကယားပြည်နယ် မဲဆန္ဒနယ် ( ၃၄ ) နေရာစလုံး၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ( USDP ) တစ်ပါတီ တည်းသာ အနိုင်ရခဲ့ပါသည်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( NLD ) မှ ( ၂၆ ) နေရာ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ( […]

ကျော်ထင်အောင် ရေးသားသည်။ စာရေးသူ အနေဖြင့် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲကို တနိုင်ငံလုံး အတိုင်းအတာထက် ကယားပြည်နယ် အနေအထားကိုသာ အဓိက ဦးတည် ချဉ်းကပ်ရေးသားမည်ဖြစ်ကြောင်း စကားပလ္လင်ခံလိုပါသည်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကို ပြန်ကြည့်ခြင်း ကယားပြည်နယ် တပြည်နယ်လုံးတွင် ပြည်သူလူထုမှ ရွေးကောက်တင်မြောက်ပိုင်ခွင့်ရှိသည့် လွှတ်တော် မဲဆန္ဒနယ် အားလုံးပေါင်း ( ၃၄ ) နေရာ ရှိပါသည်။ အမျိုးသား လွှတ်တော် မဲဆန္ဒနယ် (၁၂) နေရာ၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ( ၇ ) နေရာနှင့် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် ( ၁၅ ) နေရာတို့ ဖြစ်သည်။ ကယားပြည်နယ်လွှတ်တော် […]