TAG
ဝက္ေသဆံုး
ကယားပြည်နယ်တွင် ဝက်သေဆုံးမှုရှိနေဆဲ
မီမြာ၊ ဦးမြာ
ကယားပြည်နယ်မှာ အာဖရိက ဝက်အပြင်းဖျားရောဂါကြောင့် ဝက်သေဆုံးမှုတွေက ဆက်တိုက်ဖြစ်ပွားလျက်ရှိနေပါသေးတယ်။
ဒီရောဂါဟာဆိုရင် ပြီးခဲ့တဲ့ ၄ လကတည်းက ဖြစ်ပွားလျက်ရှိပြီး တချို့ရွာတွေမှာဆိုရင် မွေးထားတဲ့ဝက်တွေ ရွာလုံးကျွတ်သေဆုံးမှုတွေလည်းရှိနေပါတယ်။
ဒီးမောဆိုမြို့မှာနေပြီး အရက်ချက်လုပ်ငန်းလုပ်ကိုင်ရင်း ဝက်၅ကောင်မွေးထားတဲ့ ဒေါ်ဂျိုဝါးနာက ယခုလအတွင်းဝက်တွေ အကုန်သေသွားတဲ့အတွက် အခက်အခဲဖြစ်နေတယ်လို့ပြောပါတယ်။တန်ဖိုးအရ ၁၅သိန်းလောက်ဆုံးရှုံးသွားတယ်လို့ပြောပါတယ်။
“ဆုံးရှံးမှုအများကြီးရှိတာပေါ့ အကြွေးဆပ်ဖို့မွေးထားတာ အခုကအကုန်သေသွားပြီဆိုတော့ ဘယ်လိုဆပ်ရမလဲစဉ်းစားရတာပေါ့။” လို့...