KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ( ၂၄ ) ရက်၊ (သောကြာနေ့)
–Kindly Hand အဖွဲ့က ပထမဆုံးအကြိမ် အဖွဲ့လိုက်သီချင်းဆိုပြိုင်ပွဲ
–ဒီးမော့ဆိုအနောက်ဘက်ခြမ်းက စာသင်ကျောင်းတနေရာမှာ လုံခြုံရေးအခြေအနေကြောင့် နေ့တပိုင်းသာ စာသင်ကြားနိုင်
– လွိုင်ကော်မြို့၊ နမ့်ကွက်ရပ်ကွက်မှာ ရေမကျသေးတာကြောင့် ဒေသခံတွေ သွားလာရေးအခက်တွေ့
စတဲ့သတင်းတွေအပါအဝင် “ကျောင်းခေါင်းလောင်းသံ ပြန်မြည်လာပေမဲ့ ပညာရေးခရီးက ကြမ်းတမ်းနေဆဲ” ဆောင်းပါးနဲ့အတူ မိုးလေဝသ သတင်းတွေကိုကြားကြရမှာပါ။ ဒါ့အပြင် အပတ်စဉ် တင်ဆက်ပေးတဲ့ ကုန်ဈေးနှုန်းသတင်းတွေကိုလည်း ဆက်လက်တင်ဆက်ပေးဖို့ ရှိပါတယ်။
KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ်ည ၇ နာရီကနေစတင်ပြီး Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်




