စိုးထိုက်အောင် ဖရူဆိုမြို့နယ်မှာ သက်ငယ်မုဒိမ်းမှုကနေ သက်ပြည့် မုဒိမ်းမှုပြန်ဖြစ်သွားတဲ့ကိစ္စရပ်တွေရှိနေတာကြောင့် သက်ငယ်မုဒိမ်းမှုတွေ တရားစီရင်ရေးမှာ ကြန့်ကြာနေတာမဖြစ်သင့်ဘူးလို့ ဖရူဆိုမြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ်က ပြောပါတယ်။ “တရားခံကတော့ ဒါဘယ်ကလူမှန်းမသိဘူးပေါ့နော် ဆိုတော့ တစ်ဘက်က ငွေရေးကြေးရေးနဲ့အာဏာပိုင်တွေကို လာဘ်ထိုးပြီးတော့မှ ဒီအမှုသည် ငယ်သွားအောင်ဆိုတဲ့ပုံစံမျိုးပေါ့နော် အဲ့လိုလုပ်သွားရင် ဒါကျတော်တို့ဒေသခံအမျိုးသမီးတွေအတွက် အရမ်းနစ်နာတယ်ပေါ့နော်။”လို့ ဦးသဲရယ်က ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ၁၄ရက်ကကျင်းပခဲ့တဲ့ ပြည်နယ်လွှတ်တော်အစည်းအဝေးမှာ မေးမြန်းခဲ့ပေမယ့်လည်း တိကျတဲ့ အဖြေမရခဲ့ဘူးလို့ဆိုပါတယ်။ လက်ရှိ ဖရူဆိုမြို့နယ်အတွင်းမှာ သက်ငယ်မုဒိမ်းမှုနဲ့ပတ်သက်လို့ လွိုင်ကော်ခရိုင်တရားရုံးမှာ စစ်ဆေးနေဆဲအမှုရှိနေပြီး တရားခံအမှုမှန်ပေါ်ပေါက်နိုင်ရေး အစိုးရမှမည်ကဲ့သို့ ဆောင်ရွက်ထားလဲဆိုတာ သိရှိလိုကြောင်း မေးမြန်းခဲ့တာဖြစ်ပါတယ်လို့ဆိုပါတယ်။ ဦးသဲရယ်က “ ဒီမုဒိမ်မှုနဲ့ပတ်သတ်တာကတော့ ကျတော်တို့ဖရူဆိုမှာ ပြောရမယ်ဆိုလိုရှိရင် ၃ခုပေါ့ သက်ငယ်က […]