စိုးထိုက်အောင် လွိုင်ကော် လေဆိပ်ကို တိုးချဲ့ဆောင်ရွက်မှာ ဖြစ်တဲ့အတွက် လွိုင်ကော် – ရန်ကုန် လေကြောင်းလိုင်းကို ၃ ရက်တာ ပိတ်သွားမယ်လို့ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန လေဆိပ်မန်နေဂျာ (လွိုင်ကော်) ဦးကျော်မိုးနိုင် ကပြောပါတယ်။ “ကျတော်တို့လေယဉ်ပြေးလမ်းအသစ်နဲ့အဟောင်းမှာအဆက်ရှိပါတယ်။ အသစ်ကတော့ ပေ၁၈၀၀ အကျယ်ကပေ ၁၀၀ ရှိပါတယ်။ အဟောင်းကတော့ လက်ရှိပေ၅၂၀၀ နဲ့အကျယ်ကပေ၇၅ပေ ရှိပါတယ်။ အဲ့ဒီနှစ်ခုရဲ့အဆက်နေရာရဲ့စလုတ်ပေါ့ လေယဉ်ဆင်းတဲ့အခါကျ ချောမွေ့အောင်လို့ စလုတ်ဖြေတဲ့သဘောအနေနဲ့အဲ့ဒီလုပ်ငန်းလုပ်မှာဖြစ်တဲ့အတွက်အဲ့ဒါ ပိတ်တာပါ။”လို့ ဦးကျော်မိုးနိုင်က ပြောပါတယ်။ ကယားပြည်နယ်၊ လွိုင်ကော်လေဆိပ် မူလလေယာဉ် ပြေးလမ်းနှင့် တိုးချဲ့လေယာဉ်ပြေးလမ်း အဆက်ဖြည့် ခြင်း လုပ်ငန်းကို လေယာဉ်ပြေးလမ်းပိတ်၍ ဌာနမှ အင်ဂျင် နီယာများ လုပ်ငန်းခွင်တွင် ကြီးကြပ်ပြီး ဆောင်ရွက် သွားမည်ဖြစ်ရာ […]