ဦးမြာ ကယား(ကရင်နီ) ပြည်နယ်တွင် ရေကာတာ ၃ခု ဆောက်လုပ်မည့် စီမံကိန်း အပေါ်၊ တက်လာသော အစိုးရသစ်မှ ပွင့်လင်းစွာ ချပြစေလို ကြောင်း အနာဂတ်သံလွင် အဖွဲ့မှ ဒါရိုက်တာ ဒေါ်နှင်းရီကပြောသည်။ “လုံးဝကိုကျမတို့ စိုးရိမ်တယ် ကျမတို့ နိုင်ငံခေါင်းဆောင်အနေနဲ့ဆိုရင် ဒီကိစ္စကိုဖြေရှင်းလို့ရမယ် ပြည်သူတွေ စိတ်ချလောက်တဲ့စကားလေးတစ်ခွန်းလောက်တော့ ပြောသင့်တယ်” ဟုပြောသည်။ လက်ရှိတွင် ရေကာတာစီမံကိန်းမှာ တည်ဆောက်ရန် ရေမြေအနေထား တိုင်းတာမှု ကို ပြည်ထောင်စုအစိုးရက ခွင့်ပြုထား  သည့် အဆင့်တွင်သာ ရှိနေပြီး တည်ဆောက်မှုဖြစ်၊မဖြစ်ကို မူ ဒေသခံ ပြည်သူများနှင့် ပြည်ထောင်စုအစိုးရအပေါ်တွင်           မူတည်ကြောင်း ပြည်နယ် စီမံကိန်းနှင့် […]